ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မာန်အောင်မြို့ ဆန္ဒပြဦးဆောင်သူများအထဲမှ မခင်ထိပ်ထားလှိုင်နှင့် ဦးဖိုးနွဲ့တို့ ထိန်းသိမ်းခံထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 9.5k

ခိုင်သွီး (မာန်အောင်)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၉/၂၀၂၁

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှ စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒပြသူများအထဲမှ မခင်ထိပ်ထားလှိုင်နှင့် ဦးဖိုးနွဲ့တို့အား မာန်အောင်မြို့မရဲစခန်းမှ ယနေ့ ညနေ ၇ နာရီက နေအိမ်များကနေ ခေါ်ဆောင်သွားပြီး ထိန်းသိမ်းခံထားရကြောင်း သတင်းရရှိသည်။

သူတို့က ခေါ်ဆောင်သွားစဉ် မာန်အောင် ဒေသခံ ၃၀ ခန့်က ရဲစခန်းရှေ့တွင် ဝိုင်းရံခဲ့ကြသည်ဟု သတင်းရရှိသည်။

မာန်အောင်ဒေသခံ တစ်ဦးက အခုအချိန်ထိ သူတို့နှစ်ဦးရဲစခန်းက ပြန်မလွှတ်လာသေးကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီဟု ယူဆရကြောင်း၊ ဝိုင်းရံသူများလည်း ညဉ့်နက်လာပြီဖြစ်သဖြင့် အိမ်ပြန်သွားကြပြီဟု သိရကြောင်း ၎င်းက ပြောကြားသည်။

ယနေ့မာန်အောင်မြို့တွင် လူပေါင်း ၅၀၀ ခန့်သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်ဟု သတင်းရရှိသည်။

ဆက်စပ် သတင်းများ