စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရန်ကုန်မှ ရမ်းဗြဲသို့ထွက်ခွာလာသည့်ခရီးသည်တင်ကား ၁ စီး မီးလောင်မှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 3k

ထက်အောင်
နိရဥ္စရာ၊ ဖေဖော်ရီ ၁၄/ ၂၀၂၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နှင့် ၃ မိုင်ခွဲအကွာ ကင်းခြေရွာသစ်အနီးကားလမ်းပေါ်တွင် ခရီးသည်တင်ကား ၁ စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်သည့်ကားမှာ ရန်ကုန်မှ ရမ်းဗြဲမြို့သို့ထွက်ခွာလာသည့် ရဲအောင်လံ ခရီးသည်တင်ကားဖြစ်သည်။
အဆိုပါကားသည် ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၆ နာရီခန့်က ကင်းခြေရွာသစ်အနီးသို့အရောက်တွင် ကားအင်ဂျင်အပူလွန်ကဲရာမှ အနီးရှိ ဝါယာကြိုးများအား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခြင်းဖြစ်သည်ဟု ပြည်နယ်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
မအီ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးစိုးကျော်လင်းက “ခရီးသည်တွေကတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ ၆ နာရီခွဲလောက်မှာသတင်းပို့တော့ ကျနော်တို့က ၆ နာရီ ၄၀ မိနစ်လောက်မှာ ရောက်သွားတယ်။ ၇ နာရီမှာ မီးငြိမ်းသွားတယ်။ ကားကတော့ အကုန်လုံးနီးပါးပျက်စီးသွားတယ်” ဟု ပြောသည်။
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဟုလည်း ပြောသည်။
အဆိုပါကားတွင် ခရီးသည် ၇ ဦးလိုက်ပါလာခဲ့ပြီး သူတို့အား ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့က လိုရာခရီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟုလည်း သူက ဆက်ပြောသည်။
ဓာတ်ပုံ - မာရယု နှင့် Matthew KoGyi

ဆက်စပ် သတင်းများ