တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ ၀င်အများအပြား ဘင်္ဂလားဒေ့ရှ် သို့ထပ်မံထွက်ပြေးခိုလှုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 960

ဂျွန်နသန်၊ နိရဉ္စရာ၊ မေလ ၄/၂၀၂၄

 

 မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ ၀င်အများအပြားသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ယနေ့တွင် ထပ်မံ ၀င်ရောက် ခိုလှုံလာကြောင်းTBS သတင်းကဖော်ပြသည်။

 

မြန်မာနယ်ခြားစောင့်တပ် ဖွဲ့ဝင်အများအပြားသည်မေလ ၄ ရက် (စနေနေ့ ) နံနက်ပိုင်းက ကော့ဘဇား၊ တက္ကနတ်နယ်စပ်ရှိ နတ်မြစ် ကိုဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထပ်မံ ၀င်ရောက် ခိုလှုံခဲ့ကြသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Mainul Kabir က မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ ၀င်အများအပြားသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ယနေ့တွင် ထပ်မံ ၀င်ရောက် ခိုလှုံလာသည့်သတင်း အား The Business Standard သို့ အတည်ပြုပြောကြား ခဲ့သည်။

 

" မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့ မနက်ပိုင်းက နတ်မြစ်ကို ဖြတ်ပြီး လက်နက်ခဲယမ်းတွေနဲ့ အတူ ထွက်ပြေးလာခဲ့ကြတာပါ။ အရေအတွက်က ၅၀ အောက်ဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

 

 ထိုကိစ္စနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ကမူ မှတ်ချက်ပြုပြောကြားခြင်းမရှိသေးပေ။

 

မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀ သည် နတ်မြစ်၏ နေရာ ၃ နေရာ ကို ဖြတ်၍ ထွက်ပြေးခဲ့ကြသည်ဟု ဒေသခံသတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။

 

အစောပိုင်းရက်သတ္တပတ်များအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ွတွင်း၀င်ရောက် ခိုလှုံခဲ့ကြသည့် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၆၁၈ ဦးကိုမြန်မာ နိုင်ငံသို့ ပြန်လည် လွှဲပြောင်း ပေးအပ် ခဲ့သည်။ Source/ The Business Standard

ဆက်စပ် သတင်းများ