- Web Master
- ၂၇ သြဂုတ် ၂၀၂၄
မောင်စာဂ၊
နိရဥ္စရာ၊ အောက်တိုဘာ ၂၅/၂၀၂၄
ရခိုင်ပြည်၊
သံတွဲမြို့နယ်၊ ခမောင်းတုန်းရွာ
ခမောင်းတုန်းရွာ ဘုန်းကြီးကျောင်းကို ယနေ့ အောက်တိုဘာ ၂၅
ရက်၊ ညနေ ၄ နာရီခွဲတွင် စစ်ကောင်စီ၏
ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက်တိုက်ခိုက်မှုကြောင့် ကျောင်းထိုင်ဆရာတော် ဦးဉာဏိက၏
ဘယ်ဘက်လက်နှင့်ခြေထောက်တို့တွင် ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်
ဘုန်းတော်ကြီးကျောင်းအတွင်း ပျက်စီးမှုအချို့လည်း ရှိခဲ့သည်ဟု APM ဆိုသည်။
ခမောင်းတုန်းရွာကို
နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းဖြတ်တောက်ထား၍ ဆက်သွယ်၍မရခဲ့ပါ။
ယနေ့
အရုဏ် ၄ နာရီကလည်း သံတွဲမြို့ရှိ ကြံ့ခိုင်ရေးပါတီ
ယင်းဖြစ်စဥ်အတွင်း
သံတွဲမြို့၊ အမှတ် (၈) ရပ်ကွက်မှ
မောင်ဖိုးချို (၁၄) နှစ်တွင် ဘယ်ဘက်ခြေထောက် ဒူးဆစ်အနီး
ထိခိုက်ဒဏ်ရာရသွားခဲ့ကြောင်း သိရသည်။
အနားတဝိုက်ရှိ
နေအိမ်အချို့လည်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ
- သံတွဲမြို့နယ်၊ ခမောင်းတုန်းရွာ
ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရ၍ ဒဏ်ရာရသွားသည့် ကျောင်းထိုင်ဆရာတော်အား ဖူးတွေ့ရစဉ်။ ( Source and Photo- APM)