တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မောင်တောတွင် ဖမ်းဆီးခံခဲ့ရသည့်လူငယ်များကိုလွှတ်ပေးလို်က်ပြီဟု ပြည်နယ်ကောင်စီပြောခွင့်ရသူ အတည်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.7k

ပိုးဝါ
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁/၂၀၂၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းကဖမ်းဆီးခံရသည့် လူငယ်များကို လွှတ်ပေးခဲ့ပြီး အိမ်တိုင်ရာရောက် လိုက်ပါပို့ပေးခဲ့ကြောင်း ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း နိရဥ္စရာကို အတည်ပြုပြောသည်။
"တပ်ကတော့ အိမ်တိုင်ယာရောက် ပို့ပေးနေတယ်လို့ပြောတယ်"ဟု ပြောသည်။
အဆိုပါလူငယ်များကို သက်ဆိုင်ရာမြို့နယ်များရှိ တပ်ရင်းတပ်ဖွဲ့ထံသို့ ပို့ဆောင်ကာ မိဘများနှင့်ဆက်သွယ်၍ အိမ်တိုင်ယာရောက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု ဦးလှသိန်းက ဆိုသည်။
ဖမ်းဆီးခံခဲ့ရသည့် လူငယ် ၃၁ ဦးအနက် အချို့ကို ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်က လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး ကျန်ရှိသူများကို ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နံနက်ပိုင်းတွင် မိဘအုပ်ထိန်းသူများထံဆက်သွယ်၍ လွှတ်ပေးခဲ့သည်ဟုလည်း မိသားစုဝင်အချို့ထံမှ သိရသည်။
အဆိုပါလူငယ် ၃၁ ဦးသည် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မောင်တောမြို့နယ်သို့ ကားနှစ်စီးဖြင့်သွားစဉ် ကြိမ်ချောင်းနယ်ခြားစောင့် အမှတ်(၂၄) စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး နခခ(၇)တွင် ထိန်းသိမ်းခံခဲ့ရသည်ဟု သိရသည်။
၄င်းတို့ထဲတွင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်းစသည့် မြို့နယ်များမှ ပါဝင်သည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ