တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးတွင် ညဉ့်အချိန် သေနတ်ပစ်သံများ အဆက်မပြတ်ထွက်ပေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 3.2k

နိရဥ္စရာ ၊မေ ၁၈/၂၀၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ယနေ့ညဉ့်အချိန်တွင် သေနတ်ပစ်ခတ်သံများ အဆက်မပြတ်ထွက်ပေါ်နေကြောင်း သတင်းရရှိသည်။
ယနေ့မေလ ၁၈ရက်နေ့ ညနေ ၈ နာရီမှ စတင်ကာ သေနတ်ပစ်ခတ်သံများကို ကြားခဲ့ရပြီး အမှတ် ၅၄၀တပ်ရင်းအနီးရှိ တာဝါတိုင်ကုန်းဘက်ကဟု ခန့်မှန်းရကြောင်း မြောက်ဦးဒေသခံတစ်ဦးကပြောသည်။
" သေနတ်သံတွေကို အဆက်မပြတ် ည ၈ နာရီခွဲခန့်က ကြားရတယ်။ ခေတ္တရပ်ဆိုင်းသွားပြီး လက်ရှိ ည ၉ နာရီကျော်တဲ့ အချိန်မှာ ထပ်မံပြီး သေနတ် သံတွေကို အဆက်မပြတ်ကြားနေရတယ်။ လက်နက်ကြီးတော့မဟုတ်ဘူး။ စက်သေနတ်ပစ်တဲ့ အနေအထားပါ။ သေနတ်ပစ်သံကဆက်တိုက်လေးငါး ခြောက်ချက်စီကြားရတယ်"ဟု ပြောသည်။
မည့်သည့်အတွက် ပစ်ခတ်သည်ကိုမသိရှိကြောင်း ၎င်းကပြောကြားသည်။
နောက်ထပ်ဒေသခံတစ်ဦးက မြောက်ဦးအခြေစိုက် ၃၇၇/ ၃၇၈ တပ်ရင်းနှင့် ၅၄၀ တပ်ရင်းတို့က ၈ နာရီမှစတင်ကာ ပစ်ခတ်နေခြင်းဖြစ်ပြီး ပြည်သူများကို ခြိမ်းခြောက်သည့်သဘောဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။
လက်ရှိသေနတ်ပစ်ခတ်မှုများဖြစ်ပေါ်နေသည်ကို နိရဉ္စရာသတင်းဌာန အနေဖြင့် အတည်ပြုနိုင်သော်လည်း ပစ်ခတ်သည့် အကြောင်းအရင်းကို လောလောဆယ်မသိရသေးပါ။ (NN-7)

ဆက်စပ် သတင်းများ