တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်ကို ဝင်ရောက်လာသောစစ်တပ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူကိုခေါ်ယူပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 6.8k


နိရဉ္စရာ၊ ဇွန် ၆/ ၂၀၂၂
ယနေ့ နံနက်က ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်ထဲကို အင်အား ၆၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး အုပ်ချုပ်ရေးမှူးကို မတွေ့၍ ဇနီးဖြစ်သူအား ဘုန်းတော်ကြီးကျောင်းကို ခေါ်ယူကာ စစ်ဆေး မေးမြန်းမှုများပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
၎င်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းပြားမြို့ ဦးစိုးတင့် ရပ်ကွက်ထဲသို့ ယနေ့ နံနက် ၇ နာရီက ဝင်ရောက်လာပြီး နေ့လယ် ၁၂ နာရီကျော်က ပြန်ထွက် သွားခဲ့သည်ဟု မျက်မြင်ဒေသခံများက ပြောဆိုသည်။
ရပ်ကွက်ထဲတွင် ရှိနေစဉ် ရပ်ကွက် အုပ်ချုပ်ရေးမှူးအား ရှာဖွေခဲ့ပြီး အုပ်ချုပ်ရေးမှူး မရှိသဖြင့် ဇနီးဖြစ်သူအား ခေါ်ယူသွားခဲ့သည်ဟု ပြောသည်။
“ အုပ်ချုပ်ရေးမှူးဇနီးကို ရပ်ကွက်ထဲက ဘုန်းတော်ကြီးကျောင်းကို ခေါ်သွားတယ်။ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့သိရတယ်။ နောက် ရပ်ကွက်က ရွာသားတွေကို ဘုန်းကြီးကျောင်းကို ခေါ်ခိုင်းတယ်။ ကျွန်တော် တို့ကို စစ်တပ်က ပြောတာကတော့ သူတို့ လာရင် မကြောက်ဖို့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ထိုသို့ ခေါ်ယူခဲ့သော်လည်း ရပ်ကွက်နေပြည်သူများအား တစ်စုံတစ်ရာ အနှောင့်အယှက်ပြုလုပ်ခဲ့ခြင်းမရှိဟု ၎င်းက ပြောကြားသည်။

ဆက်စပ် သတင်းများ