တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် ဦးရာဇ်မြေကဗျာရွတ်ဖတ်ပွဲပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

နိရဉ္စရာ၊ ဖေဖော်ဝါရီ /၂၀၂၃

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် ဦးရာဇ်မြေကဗျာရွတ်ဖတ်ပွဲတစ်ခုကို ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့သည်ဟု သိရသည်။

 

အဆိုပါကဗျာရွတ်ဖတ်ပွဲကို ပုဏ္ဏားကျွန်းမြို့ရှိ  ဂူဝဘုရားရင်ပြင်တော်၌ ညနေ ၂နာရီခွဲမှ ညနေ ၄

နာရီအချိန်ထိကျင်းပပြုလုပ်ခဲ့သည်။

 

ကဗျာရွတ်ဖတ်ပွဲကိုကျင်းပရခြင်းမှာ စာပေလှုပ်ရှားမှုပုံရိပ်တစ်ချို့ကို ဦးရာဇ်မြေမဂ္ဂဇင်းအမှတ်(၄)၌ ထည့်သွင်းရန်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် စာပေ၊ ကဗျာ ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ဦးရာဇ်မြေကဗျာရွတ်ဖတ်ပွဲကို စီစဥ်ဦးဆောင်ခဲ့သည့် ဆရာကစ္ဆပလူထူးက ပြောသည်။

 

"ဒီဦးရာဇ်မြေကဗျာရွတ်ဖတ်ပွဲကိုကျင်းပရတာက စာပေလှုပ်ရှားမူတစ်ခုလို့လည်းပြောလို့ရတယ်။ ပြီးတော့ နောက်ထုတ်မယ့် ဦးရာဇ်မြေမဂ္ဂဇင်းအမှတ်(၁၄)မှာလည်း ဒီကဗျာရွတ်ဖတ်ပွဲက ပုံရိပ်တချို့ကိုထည့်သုံးချင်တာလည်းပါတယ်။ တစ်ခြားမြို့နယ်တွေလို ပုဏ္ဏားကျွန်းမှာလည်း ကဗျာစာပေတိုးတက်စေဖို့အတွက် ဒီကဗျာရွတ်ဖတ်ပွဲကို လုပ်ဖြစ်ခဲ့တာပါ" ဟု ပြောသည်။

 

ကဗျာရွတ်ဖတ်ပွဲကျင်းပခြင်းနှင့်ပတ်သတ်၍ စစ်တွေကဗျာဝိုင်းကိုယ်စားပြု တက်ရောက် ကဗျာရွတ်ဖတ်ခဲ့သည့် ဆရာဘုန်းမြတ်ကျော်ကလည်း သူ၏အမြင်ကို ယခုလို ပြောသည်။

 

"ဒီလိုကဗျာရွတ်ပွဲတွေကျင်းပတာကကောင်းတဲ့လက္ခဏာတစ်ရပ်လို့မြင်တယ်။ ရခိုင်မြို့နယ် အားလုံးမှာကျင်းပနိုင်ရင်တော့ပိုကောင်းတာပေါ့။ ဘာလို့ဆို ရခိုင်လူငယ်တွေက ကိုယ့်ရခိုင်စာပေကို ထိန်းသိမ်းဖို့လိုအပ်တယ်။ ဒီလိုကဗျာရွတ်ပွဲတွေမှာတော့ လူငယ်တွေပါဝင်မှုအခန်းကဏ္ဍကတော့ အားနည်တယ်။ ပူးပေါင်းပါဝင်ဖို့လည်းလိုအပ်တယ်။ မြို့နယ်တိုင်းလိုလို ရခိုင်စာပေလှုပ်ရှားမှု တစ်ခုအနေနဲ့ ကဗျာရွတ်ပွဲတွေကျင်းပစေချင် တယ်။ ကျင်းပဖို့လည်းလိုအပ်တယ်" ဟု ပြော သည်။

 

ယင်းဦးရာဇ်မြေကဗျာရွတ်ဖတ်ပွဲကို စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့်ကျောက်တော်မြို့နယ်များမှ စာပေဝါသနာပါသူ စုစုပေါင်းလူဦးရေ(၂၀) ကျော်ခန့်တက်ရောက်ခဲ့ကြကာ တက်ရောက် လာသူများက ကဗျာများ အသီးသီးရွတ်ဖတ်ခဲ့ကြသည်ဟုသိရသည်။(NN-12)

 

(ဓာတ်ပုံ - ဆရာကစ္ဆပလူထူး)

 

ဆက်စပ် သတင်းများ