စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

အကြမ်းဖက်မှုပုဒ်မ ၅၀(ည)ဖြင့်အမှုဖွင့်ခံထားရသည့် မြောက်ဦးမြို့နယ်မှ မင်းဒီပါကိုရုံးထုတ်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.9k

ချစ်အိလှိုင်၊ မြထွီးသျှင်

နိရဥ္စရာ၊ အောက်တိုဘာ ၂၉/၂၀၂၁

အကြမ်းဖက်မှုပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်ခံထားရသည့် မြောက်ဦးမြို့နယ်မှ ရခိုင်လူငယ်စာရေးဆရာ ကိုင်းဒီပါ(ခ)ကိုအောင်နိုင်မြင့် (၂၃) နှစ်ကို မြောက်ဦးမြို့နယ်တရားရုံး၌ ယနေ့တွင် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ကိုမင်းဒီပါ၏အစ်ကိုဖြစ်သူကိုအောင်မြင့်က ရမန်ကြီးယူတယ်လို့တော့ ကြားတယ်။ ကျနော့် ညီပြောတာကတော့ သူနဲ့လုံးဝမပတ်သက်မှုမရှိဘူးလို့ဆိုပြီး မစိုးရိမ်နဲ့လို့တော့ပြောတယ်။ ဒီနေ့တော့ ရှေ့နေနဲ့ သူစကားပြောကြတယ်ဟုပြောသည်။

စာရေးဆရာမင်းဒီပါ(ခ)ကိုအောင်နိုင်မြင့်ကို အောက်တိုဘာလ ၁၅ ရက်က မြောက်ဦးမြို့နယ် ပန်းမော် ကျေးရွာရှိ ၎င်း၏နေအိမ်မှ ရဲတပ်ဖွဲ့က  PDFနှင့် ဆက်စပ်သံသယဖြင့် လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အခုကဲ့သို့အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့်အပေါ်တွင် အစ်ကိုတစ်ယောက် အနေဖြင့် စိတ်ပူမိသည်ဟု ဆိုသည်။

မဟုတ်တာကို အဟုတ်လုပ်ပြီး စွဲချက်တင်တာမျိုးကို မဖြစ်စေချင်ဘူး။ အမှုကို အမြန်ဆုံး ပြီးမြောက် အဆုံး သတ်စေချင်တယ်။ ညီလေးကိုအပြင်လောကထဲကို အမြန်ဆုံးရောက်လာစေချင်ပါတယ်ဟု ၎င်းက ပြောသည်။  

လူငယ်စာရေးဆရာတစ်ဦးဖြစ်သည့် ကိုမင်းဒီပါ(မြို့ဟောင်းမြေ) အမည့်ဖြင့် မာယာကင်းမဲ့ဇုန်အမည်ဖြင့် လုံးချင်းဝတ္ထုစာအုပ်ကို လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်ဒီဇင်ဘာလခန့်က ဖြန့်ဝေခဲ့သည်။

 သံတွဲမြို့မှ အသက် ၄၂ နှစ်အရွယ် ဦးစိန်ချစ်နှင့် အသက် ၂၄နှစ်အရွယ် ကိုရဲနိုင်ဦးတို့သည်လည်း  PDFနှင့်ဆက်စပ်သည်ဟု သံသယဖြင့် အကြမ်းဖက်ပုဒ်မများဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရကြောင်း သိရသည်။

 

ဆက်စပ် သတင်းများ