သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

၄ ရက်အတွင်း အွန်းလိုင်းငွေလိမ်သူ တရုတ်နိုင်ငံသား ၂၄ ဦးကို မြန်မာရဲက တရုတ်ရဲထံ လွှဲပြောင်းပေးခဲ့


  • ရေးသူ: Web Master (NN 09)
  • | ရက်စွဲ: ၂၇ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

၄ ရက်အတွင်း အွန်းလိုင်းငွေလိမ်သူ တရုတ်နိုင်ငံသား ၂၄ ဦးကို မြန်မာရဲတပ်ဖွဲ့က တရုတ်ရဲထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သြဂုတ်လ ၂၅ ရက်နေ့က သတင်း ထုတ်ပြန်ခဲ့သည်။

ယမန်နေ့ သြဂုတ်လ ၂၆ ရက်နေ့တွင် ဆက်သွယ်ရေး လိမ်လည်မှု ကျူးလွန်ကြောင်း သံသယရှိသူ ငွေလိမ်သူ တရုတ်နိုင်ငံသား ၅ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရုတ်နိုင်ငံရံတပ်ဖွဲ့သို့ ထပ်မံ လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။

 ဆက်သွယ်ရေး လိမ်လည်မှုကျူးလွန်သူများအား မြန်မာနိုင်ငံ၏ မည်သည့်ဒေသတွင် ဖမ်းဆီးခြင်းခံသည့်ကို တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းရှိသော်လည်း ယခုလွှဲပြောင်းပေးမှုမှာ ဩဂုတ်လအတွင်း နောက်ဆုံးလွှဲပြောင်းပေးမှု ဖြစ်ကြောင်း သိရသည်။

 

ယခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၆ ဦး၊ သြဂုတ်လ ၂၃ ရက်နေ့က ၂ ဦးတို့ကို တရုတ်နိုင်ငံသို့ ဖမ်းဆီးလွှဲပြောင်းပေးခဲ့ပြီး ယင်းမတိုင်မီ ၁၁ ဦး ကိုလည်း လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။ 

 

 အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်များ ထိန်းချုပ်သည့် မြန်မာ-ထိုင်းနယ်စပ်နှင့် တရုတ်နယ်စပ်များတွင်သာ အများအပြား လှုပ်ရှားနေကြောင်း သိရသည်။ 

 

ယခင်ကမြန်မာနိုင်ငံနယ်စပ်မြို့များတွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် ပေါ်ပေါ်ထင်ထင် လှုပ်ရှားနေခဲ့သော်လည်း ယခုနှစ် ဇွန်လအတွင်းစ၍ ၎င်းတို့အား ဖမ်းဆီးမှုများ ခပ်စိတ်စိတ် တွေ့လာရသည်။

 

 တရုတ်၊ လာအို၊ ထိုင်း၊ မြန်မာ ပူးပေါင်းပြီး ဒေသအတွင်း အွန်လိုင်းငွေလိမ်မှု၊ လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှုများကို ပြတ်ပြတ်သားသားနှိမ်နှင်းရန် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယခု သြဂုတ်လ ၁၅ ရက်နှင့် ၁၆ ရက်တို့ကပြုလုပ်ခဲ့သည့်အစည်းအဝေးအတွင်း ဆုံးဖြတ်ထားခဲ့သည်ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 ယင်းအပြင် ဒေသတွင်းဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား ပြစ်မှုကျူးလွန်မှုများကို တင်းကျပ်စွာတိုက်ဖျက်နေ၍ လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ထိန်းချုပ်ထားခြင်းစသည့် ပြစ်မှုကျူးလွန်မှုများ များစွာဖြစ်ပွားနေသည့်အခြေအနေကို ပြတ်ပြတ်သားသားပြောင်းလဲရန် ရည်ရွယ်သည်ဟု ဖော်ပြထားသည်။

 

 ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး

ဆက်စပ် သတင်းများ