- Web Master
- ၀၆ ဧပြီ ၂၀၂၄
နိရဉ္စရာ၊ ဩဂုတ် ၉/၂၀၂၁ယနေ့ ည ၁၀ နာရီ ၁၈ မိနစ်က ရခိုင်တွင် လှုပ်သွားသောငလျင်မှာ အင်အား ရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိကြောင်း မိုးဇလက သတင်းထုတ်ပြန်သည်။သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။မြေငလျင်သတင်း ၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၉) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၁၈)မိနစ်၊ (၂၈)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၆၁) မိုင်ခန့် ကွာဝေးသော (မြန်မာ့ပင်လယ်ပြင်၊ မောင်တောမြို့၏ အနောက်တောင်ဘက် (၃၇)မိုင်ခန့်အကွာ) မြောက် လတ္တီတွဒ် (၂၀.၄၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၁.၉၉)ဒီဂရီ၊ အနက် (၂၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။