- Web Master
- ၂၀ အောက်တိုဘာ ၂၀၂၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ယနေ့ နေ့လယ်က မိုးကြိုးပစ်ခံရ၍ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ယင်းအနက် ၂ ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိနေသည်ဟု သိရသည်။
မိုးကြိုးပစ်ခံရ၍ ထိခိုက်ဒဏ်ရာရရှိသူများမှာ တောင်ကုတ်မြို့နယ်၊ မိချောင်းထိုးကျေးရွာမှ အသက်(၄၀)ကျော်အရွယ် အမျိုးသား ၂ ဦးနှင့် တောင်ကုတ်မြို့ပေါ်မှ အသက်(၂၈)နှစ်အရွယ် အမျိုးသား ၁ ဦးတို့ဖြစ်သည်ဟု သိရသည်။
ယနေ့ နေ့လယ် ၂ နာရီကျော် တောင်ကုတ်မြို့နယ်၊ မိချောင်းထိုးကျေးရွာ
အဝင်ဝရှိတဲ
၄င်းတို့အနက် မိချောင်းထိုးကျေးရွာမှ အမျိုးသား ၂ ဦးမှာ စိုးရိမ်ရပြီး လက်၊ ပေါင်နှင့် ခြေတို့တွင် ထိခိုက်ဒဏ်ရာများစွာရရှိခဲ့သည်
"နာမည်တွေတော့ ကျွန်တော်တို့မသိလိုက်ရဘူး။ အရေးပေါ်ကနဦး ဆေးရုံတင်လိုက်ရတော့ မေးဖို့လည်းမရဘူး။ မိချောင်းထိုးရွာက နှစ်ယောက်တော့ စိုးရိမ်ရတယ်။ သတိတောင် မရတစ်ချက်၊ ရတစ်ချက်ဖြစ်နေတယ်။ တောင်ကုတ်မြို့ပေါ်ကတစ်ယောက်တော့
လက်ရှိတွင် သူတို့ ၃ ဦးကို တောင်ကုတ်မြို့
ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထား
ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်၊ ညနေ ၇ နာရီကျော်ကလည်း မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်မှ အသက်(၅၁)နှစ်အရွယ် ဒေါ်မတင်အေးမှာ မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခဲ့ပြီး အသက် (၁၉)နှစ်အရွယ် မသန်းမြင့်လှိုင်နှင့် မောင်ဖြစ်သူ မောင်ဇူလှိုင်ဖြိုး(၁၁)နှစ်တို့
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းဇီချောင်းကျေးရွာမှ ဒေါ်ခိုင်ဇာနည်ဝင်း(ခ)မဲညို (၂၉)နှစ်နှင့် သူ၏မတ်တော်စပ်သူ ကိုအောင်သိန်းချေ(၁၉)နှစ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဝမ်းတီးကျေးရွာမှ ကိုလုံးချေ(၂၇)နှစ်နှင့် မြောက်ဦးမြို့နယ်၊ သူငယ်တော်ကျေးရွာမှ အသက်(၄၃)နှစ်အရွယ် ဦးအေးသိန်းထွန်းတို့သည်လည်း မိုးကြိုးထိမှန်သေဆုံးသွားခဲ့
ယင်းအပြင် ယင်းနေ့တစ်နေ့တည်းတွင် မိုးကြိုးပစ်ခံရ၍ ကျောက်တော်မြို့နယ်၊ အောင်ဇေယျကျေးရွာမှ ဒေါ်ရွှေမြစိန်(၄၃)နှစ်သည်လည်း ဒဏ်ရာအပြင်းအထန်ရရှိပြီး ကျောက်တော်ဆေးရုံသို့ အရေးပေါ်တင်ခဲ့ရသည်။
ဓာတ်ပုံ - တောင်ကုတ်တွင် မိုးကြိုးပစ်ခံရသူများအား ဆေးရုံတင်ခဲ့ရစဉ် (Photo - Nyi Lynn Zaw)