- Web Master
- ၂၀ အောက်တိုဘာ ၂၀၂၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ ရပ်ကွက်တစ်ချို့တွင်
ပြည်သူ့ကာကွယ်ရေးတပ် (PDF)ကိုအကြောင်းပြကာ စစ်ကောင်စီက
ညအချိန်တွင် နေ့တိုင်းလိုလို ဧည့်စာရင်းဝင်စစ်နေကြောင်း
မြို့ခံများက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်မှစ၍ တောင်ကုတ်မြို့ရှိ
ရပ်ကွက်အချို့တွင် ညဥ့် ၁၀ နာရီဝန်းကျင်ဆိုလျှင် စစ်တပ်၊ ရဲ၊ လဝကနှင့်
မီးသတ်တပ်ဖွဲ့ဝင်များက တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်း စစ်နေခြင်းဖြစ်ကြောင်း
တောင်ကုတ်မြို့ခံများကပြောသည်။
ထိုသို့ဧည့်စာရင်းစစ်ရာတွင် တောင်ကုတ်မြို့ရှိ ချောင်းကောက်၊
ဂူတာနှင့် သိမ်တောင်ရပ်ကွက်တို့ကို အဓိကထား စစ်ဆေးနေခြင်းဖြစ်ပြီး PDF များ ဝင်ရောက်လှုပ်ရှားမှုရှိသည်ဟု သတင်းကြား၍ ယခုကဲ့သို့ ဧည့်စာရင်း စစ်ရခြင်းဖြစ်ကြောင်း
သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေး
ယခုကဲ့သို့ PDFကိုနာမည်တပ်ပြီး ဧည့်စာရင်းစစ်ခြင်းသည်
အကြောင်းပြချက် တစ်ခုသာဖြစ်ပြီး အဝေးသင်ကျောင်းတက်ရာသီဖြစ်သည့်
"အဝေးသင်ကျောင်းသားတွေအထဲ အေအေတွေပါလာမယ့်သတင်းနဲ့ သူတို့က(စကစ)လုပ်နေတာပါ။ ဒါပေမယ့် ရုံးကစာထုတ်တဲ့အခါ PDF လို့စာထုတ်ပါတယ်။ PDF ကိုအကြောင်းပြပြီး လုပ်နေတာပေါ့" ဟုပြောသည်။
ထိုသို့ဧည့်စာရင်းစစ်ရာတွင် ည ၁၀ နာရီမှ မနက် ၅ နာရီအထိ အင်အား အများအပြားဖြင့် နေအိမ်ရှိဒေသခံများကို အိမ်ပြင်ထွက်ခိုင်းစေပြီး
ခြင်ထောင်လှန်မစစ်ရုံတမယ် စစ်ဆေးနေကြောင်း
အထက်ပါဒေသခံက ဆက်ပြောသည်။
လက်ရှိကာလသည် အဝေးသင်ကာလဖြစ်သည့်အတွက် တောင်ကုတ်မြို့ပေါ်တွင်
အဝေးသင်တက်ရောက်ရန် နေထိုင်သည့် ကျောင်းသား၊ ကျောင်းသူ အများအပြားမှာ စစ်ကောင်စီက
ယခုကဲ့သို့ ဧည့်စာရင်းစစ်နေသဖြင့် အခက်အခဲဖြစ်ရကြောင်း ဒေသခံများက ပြောသည်။
အခြားနယ်တစ်ခုမှ တောင်ကုတ်သို့ကျောင်းလာတက်သူတစ်
ထိုသို့ နယ်မှကျောင်းလာတက်သည့်အထဲတွင် မှတ်ပုံတင်မရှိသေးသည့်
ကျောင်းသူ၊ ကျောင်းသား များလည်းပါဝင်ပြီး ထိုသူများကိုဆိုလျှင်
အဆောင်ငှားရမ်းထားသည့် ပိုင်ရှင်များထံမှ မေဂျာ အပြည့်အစုံ၊ ကျောင်းသားကဒ်၊
ဖုန်းနံပါတ်များပါ တောင်းရမ်းကြောင်း ဒေသခံများကပြောသည်။
အဆိုပါဧည့်စာရင်းစစ်သည့် စစ်ကောင်စီတပ်နှင့်
ပူးပေါင်းအဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်းတွင် နေ့တိုင်းလိုလိုစစ်နေပြီး
ယခင်ရက်များက စစ်ပြီးခဲ့သည့် ရပ်ကွက်၊ လမ်းများကိုလည်း ထပ်တလဲလဲ စစ်ဆေးမှုပြုလုပ်လေ့ရှိ
ဓာတ်ပုံ - တောင်ကုတ်မြို့လယ်တစ်နေရာအားတွေ့