- Web Master
- ၂၀ အောက်တိုဘာ ၂၀၂၄
ကံ့ကော်နီနီ
၊ နိရဉ္စရာ ၊ အောက်တိုဘာ ၄ / ၂၀၂၄
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊
ကင်းတောင်စံပြကျေးရွာထဲကို စစ်ကောင်စီက ညဥ့်အချိန် ဗုံးကြဲတိုက်ခိုက်၍
ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား လေးဦးသေဆုံးပြီး
ငါးဦးဒဏ်ရာရရှိသွားကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။
သေဆုံးသွားသူများမှာ
၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ဦးမောင်လှတင်(၆၅)နှစ်၊ ဒေါ်မြရီ(၅၆)နှစ်နှင့်
ဒေါ်မြကြည်(၇၄)နှစ်တို့ဖြစ်သည်။
ဒဏ်ရာပြင်းထန်ရရှိသွားသူများမှာ
ယနေ့ အောက်တိုဘာလ ၄ ရက်၊ ညဥ့် ၂ နာရီအချိန်
ကျေးရွာသားများအိပ်မောကျနေစဉ်စစ်ကောင်စီ
Y-12 လေယာဉ်ဖြင့်
ကင်းတောင်ကျေးရွာထဲသို့ ဗုံးနှစ်ကြိမ်ကြဲချတိုက်ခိုက်ခဲ့
ထိုသို့ဗုံးကြဲတိုက်ခိုက်မှုကြေ
"လူတွေလည်း
အိပ်မောကျနေတဲ့အချိန်မှာ ချတာ။ ကင်းတောင်မီးသတ်ရုံးနား နေအိမ်တွေ
ဒဏ်ရာရသူလည်း
ငါးဦးရှိခဲ့သလို နေအိမ်
၉ လုံးလည်း ဗုံးဒဏ်ကြောင့် ပျက်စီးမှုရှိခဲ့ကြောင်း ကျေးရွာသားများ၏ပြောပြချက်အရ
သိရသည်။
တောင်ကုတ်-မအီ ကားလမ်းဘေးတွင်ရှိသည့်
ကင်းတောင်စံပြကျေးရွာသည် အိမ်ခြေ (၁၀၀၀)ဝန်းကျင်ရှိသည့်
ကျေးရွာတစ်ရွာဖြစ်ပြီး တောင်ကုတ်မြို့နှင့် ၁၁ မိုင် ၅ ဖာလုံခန့်ကွာဝေးသည်။
အဆိုပါကျေးရွာမှာ
အာရက္ခတပ်တော် (AA)ထိန်းချုပ်နယ်မြေထဲတွင်ရှိ
စစ်ကောင်စီသည် ဩဂုတ်လအစောပိုင်းမှစတင်ပြီး
တောင်ကုတ်မြို့နယ်ရှိ AA လှုပ်ရှားမှုရှိသည်ဟုယူဆသည့်
ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ
ဆက်တိုက်ပြုလုပ်လာပြီး ဒေသခံများသေဆုံးဒဏ်ရာရမှုမြင့်
အောက်တိုဘာလ ၂ ရက်၊ ညဥ့်အချိန်ကလည်း
တောင်ကုတ်မြို့နှင့် ခုနစ်မိုင်ခန့်အကွာ ခေါင်းလောင်းတူကျေးရွာအနီးကို
လေကြောင်းဗုံးကြဲတိုက်ခိုက်၍ ဆယ်ကျော်သက်လူငယ် တစ်ဦး
ဦးခေါင်းဒဏ်ရာရရှိသွားခဲ့သည်။
စက်တင်ဘာလ
၂၄ ရက်၊ ညပိုင်းက တောင်ကုတ်မြို့တန်းလွဲရွာမရဲ
ဓာတ်ပုံ
- ကင်းတောင်စံပြကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရ၍ သေဆုံး၊ ဒဏ်ရာရသူများနှင့်
နေအိမ်များ ပျက်စီးသွားမှုအား တွေ့ရစဥ်။ (ပေးပို့)