- Web Master
- ၂၀ အောက်တိုဘာ ၂၀၂၄
ကံ့ကော်နီနီ
၊ နိရဥ္စရာ / အောက်တိုဘာ ၈ / ၂၀၂၄
ရခိုင်ပြည်၊
တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို ယမန်နေ့ညက အကြမ်းဖက် စစ်ကောင်စီ လေတပ်က ဗုံးကြဲ တိုက်ခိုက်မှု
မြို့ခံအမျိုးသမီးတစ်ဦးက " ဒီနေ့ မနက်ပိုင်း
နောက်ဆုံးသိရတာကတော့ ၁၃
ဦး အလောင်းတွေ့ထားတာပေါ့" ဟုပြောသည်။
အလောင်းတွေ့ရှိခဲ့သူများမှာ တန်းလွဲရွာမမြို့မှ အမှတ်(၄) ရပ်ကွက်က
မောင်စွမ်းဆက်နိုင်(၆) နှစ်၊ ဦးကျော်မြသန့် (၇၀) နှစ်၊ ဦးမောင်ကြီး (၄၀) နှစ်၊
ဦးခင်မောင်ဇင်(၆၁) နှစ်၊ ဒေါ်ရွှေလာ(၅၇) နှစ်၊ ဒေါ်မချစ်စု(၄၆) နှစ်၊ ဦးမောင်မြင့်လွင်
(၅၆) နှစ်၊ ဦးဆန်းဇော်ဌေး(၃၄) နှစ်၊ ဒေါ်ခင်ဌေးမြင့် (၄၂)
နှစ်၊ ဒေါ်ခင်ဆန်း(၅၂) နှစ်၊ ဦးခင်မောင်ရီ(၄၈)နှစ်၊
ဦးအောင်ကျော်စိန်(၆၉) နှစ်နှင့်
ဒေါ်မတင်ရီ(၆၁) နှစ်တို့ ဖြစ်ကြသည်။
ဒဏ်ရာရရှိသူများအထဲတွင် ဦးသန့်လွင်၊ (၆၃)နှစ်၊ ဒေါ်ရွှေခဲ (၅၀)နှစ်၊
ဒေါ်ခင်မိုးလွင်(၅၁)နှစ်၊ ဦးသောင်းဝေ(၇၃)နှစ်၊
ဒေါ်မိုးစိန် (၇၅)နှစ်၊ ကိုအောင်မင်း(၂၆)နှစ်တို့ ပါဝင်ပြီး နောက်ထပ် ဒဏ်ရာရသူများလည်းရှိသေးကြောင်း
သိရသည်။
"ဒဏ်ရာပြင်းထန်ရသူတွေနဲ့ လက်ကျိုး၊ ခြေကျိုးတွေဒဏ်ရာရသူတွေ အတော်အများတယ်" ဟု မြို့ခံအမျိုးသမီးငယ်တစ်ဦးက ပြောသည်။
နောက်ထပ်သေဆုံးသူများရှိမရှိ
ရှာဖွေမှုများဆက်လုပ်နေသလို မြို့ခံပြည်သူတချို့ မြို့မှ တိမ်းရှောင်သွားပြီဖြစ်
ယမန်နေ့
အောက်တိုဘာလ ၇ ရက်၊ ညဥ့် ၁၁ နာရီ
၁၀ မိနစ်ကျော်က စစ်ကောင်စီလေတပ် က
တန်းလွဲရွာမမြို့ အမှတ်(၄)ရပ်ကွက်၊ ရွာသစ်ဈေးအနီး (၁)လမ်းမကြီးနှင့် (၂)လမ်းမကြီးကြားရှိ နေအိမ်များ
တန်းလွဲရွာမမြို့သည်
တောင်ကုတ်မြို့ မြောက်ဘက်
၁၅ မိုင်အကွာတွင်ရှိပြီး နိုဝင်ဘာလ လယ်က ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ
ဆုတ်ခွာထွက်ပြေးသွားပြီးနောက် အာရက္ခတပ်တော်(AA)
ကထိန်းချုပ်ထားခဲ့သည်။
ယခုဗုံးကြဲတိုက်ခိုက်သည့် ရွာသစ်ဈေးအနီးတဝိုက်တွင် ဆေးရုံ၊
စည်ပင်သာယာအဖွဲ့ရုံး၊ လျှပ်စစ်ရုံး၊
မြို့အုပ်ချုပ်ရေးအဖွဲ့ရုံးတို့
ရှိကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားမှုတစ်စုံတစ်ရာ
စက်တင်ဘာလ
၂၄ ရက် ၊ ည ၈ နာရီကလည်း တန်းလွဲရွာမမြို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှု အတွင်း
စစ်ဘေးရှောင်တက္ကသိုလ်ကျောင်းသာ
အောက်တိုဘာလ
၄ ရက်က တောင်ကုတ်မြို့မြောက်ဘက်
၁၁ မိုင်ကျော်အကွာ တောင်ကုတ်-မအီကားလမ်းဘေးမှ ကင်းတောင်စံပြကျေးရွာကို
စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု
နိရဉ္စရာက
စုဆောင်းထားသောအချက်အလက်အရ တောင်ကုတ်မြို့နယ် တစ်ခုတည်းတွင်
ဩဂုတ်လလယ်ပိုင်းမှစ၍ အောက်တိုဘာလ ၈ ရက်အထိ စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်မှု
ဓာတ်ပုံ - တန်းလွဲရွာမမြို့အား စက်တင်ဘာ ၂၄ ရက်က ဗုံးကြဲအပြီး နေအိမ်များ ပျက်စီးသွားသည့်မြင်ကွင်းများ/ တန်းလွဲဌာနီ