တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

အာဏာသိမ်းမှုဖြစ်ပွါးခဲ့သော နိုင်ဂျာရှိ အမေရိကန်သံရုံးဝန်ထမ်းအချို့ကို ပြန်လည်ခေါ်ယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 537

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ရက်နေ့က အာဏာသိမ်းမှုဖြစ်ပွါးခဲ့သော နိုင်ဂျာနိုင်ငံရှိ အမေရိကန်သံရုံးမှ ဝန်ထမ်းအချို့အား အမေရိကန်က ပြန်လည်ခေါ်ယူလိုက်သည်ဟု သိရှိရသည်။

အာဏာသိမ်းမှုဖြစ်ပွါးပြီးနောက် အမေရိကန်၊ပြင်သစ် နှင့် ဥရောပနိုင်ငံများမှ ရာပေါင်းများစွာသော နိုင်ငံခြားသားများ နိုင်ငံမှပြောင်းရွှေ့ထွက်ခွါနေကြပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြင်သစ်သံရုံး တိုက်ခိုက်ခံခဲ့ရသည်။ အာဏာသိမ်းခေါင်းဆောင် အက်ဗဒူရာမာနီ ချီယာနီက ပြည်တွင်းရေးကို လာရောက်နှောက်ယှက်သူများကို ပြန်လည်တိုက်ခိုက်သွားမည်ဟု သတိပေးထားသည်။

နိုင်ဂျာနိုင်ငံသည် ယူရေနီယံအမြောက်အများ ထွက်သော နိုင်ငံဖြစ်ပြီး မြောက်အာဖရိက နှင့် မြေထဲပင်လယ်ကို ဆက်သွယ်သည့် လမ်းကြောင်းပေါ်တွင် တည်ရှိသည်။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မီလာက သံရုံးဝန်ထမ်းအချို့ ပြန်ခေါ်လိုက်သော်လည်း မြို့တော် နီယာမေရှိ အမေရိကန်သံရုံးကိုမူ ဆက်လက်ဖွင့်လှစ်ထားမည်ဟု ဆိုသည်။

အမေရိကန်သည် နိုင်ဂျာနိုင်ငံအား လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ အများဆုံး ပေးနေသောနိုင်ငံဖြစ်ပြီး အာဏာသိမ်းမှုကြောင့် အကူအညီများဖြတ်တောက်မည်ဟု သတိပေးထားသည်။

 

NN-27

Ref:BBCWorld

ဆက်စပ် သတင်းများ