တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရာခန် ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 502

နိရဉ္စရာ၊ ဩဂုတ် ၅/၂၀၂၃ (နိုင်ငံတကာ)

ထုတ်ပယ်ခံထားရသော ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရာခန်အား လာဘ်ပေးလာဘ်ယူပြစ်မှုဖြင့် ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။

အစ္စလာမာဘတ်မြို့ရှိ တရားရုံးတစ်ခုက အီမရာခန်အား နိုင်ငံတော်ပိုင်လက်ဆောင်ပစ္စည်း ရောင်းရငွေများကို ထုတ်ဖော်ကြေညာခြင်းမရှိသည့်အတွက် ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ်ချလိုက်ခြင်းဖြစ်သည်။

အီမရာခန်ကမူ သူ့တွင်အပြစ်မရှိကြောင်း ငြင်းဆိုထားသည်။

တရားသူကြီးက အီမရာခန်အား ချက်ချင်းဖမ်းဆီးရန် အမိန့်ထုတ်ပြန်ပြီးနောက် ရဲများက လာဟိုးမြို့ရှိ နေအိမ်မှ အီမရာခန်အား ဖမ်းဆီးသွားခဲ့ကြသည်

အီမရာခန်သည် ၂၀၁၈ခုနှစ်က ပါကစ္စတန် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ၂၀၂၂ ခုနှစ်တွင် အယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီး ရာထူးမှ နှုတ်ထွက်ခဲ့ရသည်။

တရားရုံး၏ ဆုံးဖြတ်ချက်ကြေညာပြီးနောက် ဥပဒေအကျိုးဆောင်များအပါအဝင် အဆောက်အဦး အပြင်ဘက်တွင် စောင့်ဆိုင်းနေသော လူအုပ်ကြီးက “ အီမရာခန် သူခိုး” ဟု ဟစ်အော်ခဲ့ကြသည်။

ပြီးခဲ့သည့်မေလကလည်း တရားရုံသို့ ဆင့်ခေါ်ရာ မလာသဖြင့် အီမရာခန်အား ဖမ်းဆီးခဲ့သေးသည်။ သို့သော် ဖမ်းဆီးမှု ဥပဒေနှင့်မညီသဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ထိုအချိန်မှစ၍ အီမရာခန်အပေါ် အစိုးရက ဖိအားပေးမှုတိုးမြင့်လာပြီး သူ၏ နောက်လိုက်အများအပြား ချီတက်ဆန္ဒပြမှုတွင် ပါဝင်သောကြောင့် ဖမ်းဆီးခံခဲ့ရသည်။

 

 NN-27

 BBCWorld:

ဆက်စပ် သတင်းများ