တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် ယနေ့ စတင် ကျောင်းအပ်လက်ခံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 2.4k

 

နိရဉ္စရာ၊ မေ ၂၆ /၂ဝ၂၂

 

ရခိုင်ပြည်နယ်တွင် ၂၀၂၂-၂၃ ပညာသင်နှစ်တွင် ကျောင်းပေါင်း ၃၀၀၀ ကျော်ဖွင့်လှစ်သွားမည်ဖြစ်ရာ ကျောင်းသားများကို  ယနေ့ မေလ ၂၆ ရက် နံနက်မှစတင်ကာ ကျောင်းအပ်လက်ခံနေပြီဖြစ်သည်။

 

ကျောင်းလာအပ်သည့်ကျောင်းသူ၊ ကျောင်းသူများကို အခမဲ့ ကျောင်းအပ်လက်ခံနေခြင်းဖြစ်ပြီး ကျောင်းဝတ်စုံ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာအချို့တို့ကိုလည်း အခမဲ့ ပေးအပ်နေသည်ဟု သိရသည်။

 

ယနေ့မှစတင်ကာ ဇွန်လ ၁ ရက်အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် သတ်မှတ်ထားပြီး ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဟု သိရသည်။

 

ယခု ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်အတွင်း ရခိုင်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းစာသင်ကျောင်းပေါင်း ၃၁၈၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၈ဝ နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၅ဝ ကိုဖွင့်လှစ်သွားမည်ဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က နိရ ဉ္စရာကိုပြောဆိုထားသည်။

 

၂ဝ၁၇ ခုနှစ်မှစတင်ကာ ပဋိပက္ခများနှင့် တိုက်ပွဲများကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်တို့တွင်ပိတ်ထားရသည့် စာသင်ကျောင်း ၁၂၂ ကျောင်းကို ယခုနှစ်တွင်လည်း ဖွင့်လှစ်နိုင်ဦးမည်မဟုတ်ဟု သိရသည်။ (NN - 4)

ဆက်စပ် သတင်းများ