တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

တက္ကသိုလ်ဝင်တန်းအောင်စာရင်း ဇွန်လ ၁၇ ရက်တွင်ထုတ်ပြန်မည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးအတည်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 3.5k

နိရ ဉ္စရာ၊ ဇွန် ၁၅ / ၂ဝ၂၂
ယခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို လာမည့် ဇွန်လ ၁၇ ရက်(သောကြာနေ့)တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးဦးဘထွီးစိန်က အတည်ပြု ပြောသည်။
"မြို့နယ်ပညာရေးမှူးနဲ့ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးကို အောင်စာရင်းတွေ လွှဲအပ်လိုက်ပြီ။ ၁၇ ရက်နေ့မှာ ထွက်မှာ”ဟု ပြောသည်။
ယင်းသို့ထုတ်ပြန်နိုင်ရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကလည်း အကြောင်းကြားထားပြီဟု ဆိုသည်။
အောင်စာရင်းကို ကျောင်းအားလုံးတွင် ကပ်မည်မဟုတ်ဘဲ စာမေးပွဲဖြေဆိုခဲ့ရသည့် စာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင်သာ ထုတ်ပြန်ကြေညာသွားမည်ဟု သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံစာစစ်ဌာန၏ ဝက်ဘ်ဆိုဒ်စာမျက်နှာဖြစ်သော www.myanmarexam.org မှတဆင့်လည်း ထုတ်ပြန်ကြေညာပေးသွားမည်ဟု သိရသည်။
ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်မှစ၍ ဧပြီလ ၉ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရခိုင်မှ ကျောင်းသူ၊ ကျောင်းသား ၄ သောင်း ၁ ထောင်ကျော်ဝင်ရောက်ဖြေဆိုခဲ့ကြသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသူ၊ ကျောင်းသားများသည် စာသင်ချိန်ကာလ ၆ လခန့်သာရရှိခဲ့ပြီး ပြဋ္ဌာန်းစာအုပ်ပါ သင်ခန်းစာများကိုလည်း လျှော့ပေါ့သင်ကြားကာ ဖြေဆိုခဲ့ရသည်ဟု သိရသည်။ (NN-12)

ဆက်စပ် သတင်းများ