တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဒုက္ခသည် ခေါင်းဆောင် မိုဟစ်အူလာ သတ်ဖြတ်ခံရမှုတွင် အလိုရှိနေသူ အာဆာတပ်မှူးတစ်ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက် ညက သေနတ်သမားများ သတ်ဖြတ်သွားခဲ့သည့် မွတ်ဆလင် ခေါင်းဆောင် မူဟစ်အူလာ သတ်ဖြတ်ခံရမှုတွင် အဓိက စီစဉ်ခဲ့သူတစ်ဦးဖြစ်သည့် အာဆာအဖွဲ့ တပ်မှူးတစ်ဦးကို ဘင်္ဂလားဒေ့ရှ် မှုခင်းရဲတပ်ဖွဲ့က လွန်ခဲ့သည့် တနင်္ဂနွေနေ့က ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူမှာ အာဆာတပ်မှူးမှာ Nur Kamal (ခေါ်) Samiuddin ဖြစ်ပြီး ၎င်းအား ကော့စ်ဘဇားခရိုင် အိုကီးယားမြို့နယ် ကူတူပါလောင် မြန်မာမွတ်လင် ဒုက္ခသည်စခန်းမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဘင်္ဂလာမှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ (RAB) အမှတ် (၁၅) မှ အကြီးတန်း လက်ထောက်ညွှန်ကြားရေးမှူး (ဥပဒေနှင့် မီဒီယာ)တာဝန်ခံ  Md Abu Salam Chowdhury ပြောကြားသည်။

ဖမ်းဆီးခံရသူ Samiuddin ထံမှ  လက်ဝယ်ကိုင်ဆောင်ထားသည့်  ပြည်တွင်းပြည်ပ လက်နက်များကို သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မူဟစ်အူလာ (Mohib Ullah) သည် ဒုက္ခသည် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်း မှတ်တမ်းတင်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့သူဖြစ်သည်။

၎င်းသည် အိုကီးယားရှိ ARSPH ရုံးတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက် ညတွင် သေနတ်သမားများက ပစ်သတ်ခြင်းကို ခံခဲ့ရသည်။ NN-30

Ref: Dhaka Tribune 

ပုံစာ- ဘင်္ဂလားဒေ့ရှ်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ (RAB)

ဆက်စပ် သတင်းများ