တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှခိုးဝင် မူဆလင်မိသားစု (၆) ဦး ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 2.4k

ထက်အောင်

နိရဥ္စရာ၊ ဇွန် ၇/ ၂၀၂၁

 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသည့် မူဆလင်မိသားစု (၆)ဦးအား ဖမ်းဆီးရမိထားသည်ဟု သတင်းရရှိသည်။

 

အဆိုပါမိသားစုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှ ဇွန်လ ၃ ရက်နေ့က ထွက်လာပြီး (၄) ရက်နေ့တွင် မြန်မာနိုင်ငံ၊ မောင်တောနယ်စပ်သို့ ရောက်ကာ ဇွန်လ (၅) ရက်နေ့ မွန်းတည့် ၁၂ နာရီ ဝန်းကျင်ခန့်တွင် သုံးဘီးမော်တော်ယာဉ် တစ်စီးနှင့် ၎င်းတို့ ယခင်နေထိုင်ရာ ူးသီးတောင်မြို့နယ် လက်ဝဲဒက်ပြင်ရှည် ကျေးရွာသို့ ရောက်ရှိလာစဉ် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း ၎င်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဌေးက ပြောသည်။

 

မနေ့ကတော့ သူတို့ကို ကိုဗစ်ပိုး စစ်ဆေးမှုတွေ အကုန်လုံး ဆောင်ရွက်ပြီးပါပြီ။ နောက်ထပ် (၇) ရက်ကြာရင် ထပ်ပြီး ကိုဗစ်ပိုးရှိမရှိ တစ်ကြိမ်စစ်မယ်။ ပိုးမတွေ့ဆိုရင်တော့ သူတို့ကို နယ်စပ်ဒေသလူဝင်မှုကြီးကြပ်ရေးဌာနက တရားစွဲဆိုသွားမယ်ဆိုပြီး ကြားတယ်ဟု ပြောသည်။

 

ထိုမိသားစုတွင် ဖခင် အဒူဟာကိန်း (၂၆ နှစ်)၊ မိခင် စေတရာဘေဂင် (၃၄ နှစ်)၊ သူတို့၏ သားများဖြစ်သည့် အဒူကာဒေါရ် (၈ နှစ်)၊ အဒူရှာဟဲရ် (၅ နှစ်)၊ အဒူဝါဟဲရ် (၃ နှစ်)နှင့် အဒူမော်တော်လောမ် (၁ နှစ်)တို့ ပါဝင်သည်။

 

ယခုကိစ္စနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ်၊ နယ်စပ်ဒေသလူဝင်မှူးကြီးကြပ်ရေးဌာန ဒုတိယ လဝက မှူး ဦးကျော်နိုင်က သူတို့ကို နောက်ထပ်တစ်ကြိမ် ကိုဗစ်ပိုး စစ်ဆေးဖို့ ကျန်ပါသေးတယ်။ ကိုဗစ်ပိုး မတွေ့တဲ့ အချိန်ကျမှပဲ သူတို့ကို လိုအပ်သလိုအရေးယူဆောင်ရွက်သွားမှာပါ။ဟု နိရဥ္စရာကို ပြောသည်။

 

လက်ရှိတွင် သူတို့(၆) ဦးကို နေရာခွဲ၍ထားပြီး ဖခင်ဖြစ်သူ အဒူဟာကိန်းအား နကခ(၃) အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ရင်း၌ လည်းကောင်း၊ မိခင်ဖြစ်သူ စေတရာဘေဂင်နှင့် အသက် (၁) နှစ်အရွယ် အဒူမော်တော်လောမ်တို့ကို ဘူးသီးတောင်မြို့မရဲစခန်း၌လည်းကောင်း၊ ကျန်သည့် (၃) ဦးကို လက်ဝဲဒက်ပြင်ရှည်ရွာအုပ်စု၊ ထင်ရှားပြင်ရွာရှိ ဖခင်ဖြစ်သူ အဒူဟာကိန်း၏ ညီဖြစ်သူအိမ်တွင် ထိန်းသိမ်းကြောင်း သိရသည်။

 

ဓာတ်ပုံ - ဒေါက်တာပေါက်တူး facebook

ဆက်စပ် သတင်းများ