သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံလာသည့် နယ်ခြားစောင့်တပ်သား ၆၈ ဦး၏ လက်နက်များကို ဖြုတ်သိမ်းပြီး ထိန်းသိမ်းထား


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၅ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.7k

ဘင်္ဂလားဒေ့ရှ် နိုင်ငံ င်ရိုဘင်ခရိုင်နယ်စပ်အနီးတွင် ပြင်းထန်စွာ ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ကျည်ဆန်ထိမှန် ဒဏ်ရာရသူ (၁၅) ဦးအပါအအဝင်မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၆၈ ဦးထက်မနည်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ယမန်နေ့က ခိုလှုံခဲ့ကြသည်ဟု The Daily Star က သတင်းဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်လက်နက်အား ဖြုတ်သိမ်းထားပြီး ဘန်ဒရိုဘင်ခရိုင် နတ်ကျောက်ဆရီတွင် ထိန်းသိမ်းထားကြောင်း BGB ၏ ပြည်သူ့ဆက်ဆံရေးအရာရှိ Shariful Islam က ယမန်နေ့ညက The Daily Star သို့ ပြောကြားခဲ့သည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်မတော် (ရက္ခိုင့်တပ်မတော်) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြားက  ကျည်ဆန်များနှင့် မော်တာကျည်များ ယမန်နေ့ ထပ်မံကျရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီ ၄ ရက် နံနက် ၃ နာရီခန့်တွင် သေနတ်သံများ စတင်ကြားရပြီး မနေ့ညနေအထိ ခေတ္တနားမနေဘဲ ဆက်လက်ဖြစ်ပွားခဲ့ကာ တောင်ပြို ဧရိယာမှ ပြည်သူများ ကြောက်လန့်တကြား နေထိုင်နေကြရသည်။

အိပ်ရေးမဝသောညတစ်ခုဖြစ်ခဲ့ရပြီး ကလေးသူငယ်များပါသော မိသားစုများစွာတို့ သည် ထိုဒေသမှ ခြေလျင်ထွက်ခွာခဲ့ကြသည်ဟုဆိုသည်။

တချို့က အစားအသောက် အိတ်သေးသေးလေးများနှင့် တခြားလိုအပ်သော  ပစ္စည်းများကို သယ်သွားကြကြောင်း၊  ပြင်းထန်စွာ ပစ်ခတ်မှုများကြောင့် လူအများအပြားသည် နှစ်ဘက်နိုင်ငံ  No man Land  တွင် ပိတ်မိနေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ အစိုးရ ပါတီ အဝါမီလိဂ် အထွေထွေအတွင်းရေးမှူး Obaidul Quader က အဆိုပါကိစ္စတွင် တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်ပေးရန် ယမန်နေ့က တောင်းဆိုခဲ့သည်ဟု အစိုးရပိုင် BSS က ဖော်ပြသည်။

သေနတ်သံတွေ ကြားနေတယ်။ ပြည်သူတွေ အထိတ်တလန့် ဖြစ်နေတယ် လူတွေက ကြောက်လန့်ကြတာ အဲဒါကြောင့် တရုတ်ရဲ့  ကြားဝင် ဖြေရှင်း ပေးမှုကို ကျွန်တော် ရှာခဲ့တယ်ဟု ကုန်းလမ်းနှင့် တံတားဝန်ကြီးက ၎င်း၏ ရုံးခန်းတွင် သတင်းထောက်များနှင့် အမြင်ချင်းဖလှယ် တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

ယမန်နေ့  နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yao Wen သည် လက်ရှိ အစိုးရ ပါတီ အဝါမီလိဂ် အထွေထွေအတွင်းရေးမှူး Quader အားလာရောက်တွေ့ဆုံခဲ့သည်

ဘင်္ဂလာ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က နိုင်ငံခြားရေး ဝန်ကြီးဌာနသည် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို ပြန်လည် ပို့ဆောင်ရေး လုပ်ငန်းစဉ်ကို စတင်နေပြီဟု ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

သူတို့ မြန်မာနယ်ခြားတွေအထဲက တစ်ယောက်မှ ဒီကို မလာသင့်ဘူးဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Chandra နယ်မြေ နယ်စပ်အနီးတွင် မြန်မာစစ်တပ်မှ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် Ferdous အမည်ရှိ အမျိုးသားတစ်ဦး သေနတ် ထိမှန်ခဲ့ကြောင်း ကော့ဘဇားရှိ Ukhiya ရှိ MSF ဆေးရုံသို့ ပို့ဆောင်ခဲ့သည့် Abdur Rahim အမည်ရှိ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် Shamsul Alam အမည်ရှိ အခြား အမျိုးသားတစ်ဦး ကျည်ဆန်ဒဏ်ရာရရှိခဲ့သဖြင့် အလားတူဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အိုးကီးယား ရဲစခန်းမှ တာဝန်ခံ Shamim Hossain က ဒဏ်ရာရ မြန်မာနယ်ခြားစောင့် တပ်သား ၁၅ ဦးကို နယ်စပ် MSF ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ပြောသည်။

တောင်ပြိုသို့လာရောက်သော Daily Star သတင်းထောက်သည် မရေမတွက်နိုင်သော ကျည်ဆန်များနှင့် ပေါက်ကွဲလာသည့် လက်နက်ကြီးကျည်များသည်  နယ်စပ် ဖြတ်ကျော်ကျလာသည်ကို တွေ့ခဲ့ရသည်။

မြန်မာဘက်က ော်တာကျည်တစ် လုံးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ကီလိုမီတာဝက်ခန့် ကျရောက်သွားခဲ့သည်ဟုဆိုသည်။

မြန်မာ ရဟတ်ယာဉ်များ ဗုံးကြဲချတာကို နေ့ စဉ် နှစ်ကြိမ်ွေ့ခဲ့ရသည်ဟု  ဒေသခံများ ပြောသည်။

ရက္ခိုင့်တပ်မတော်သည် မကြာသေးမီ ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ်အတွင်း နေရာ အများအပြားကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ နယ်စပ်တစ်လျှောက် နယ်ခြားစောင့် ရဲကင်းစခန်းများ အားလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များအရ သိရသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။

 Ref: The Daily Star

ဆက်စပ် သတင်းများ