စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

အမ်းမှ မိုင်းထိမှန်ထားသူ ၁ ဦး နှလုံးမကောင်း၍ဆေးကုသမှုခံယူနေစဉ် အမောဖောက်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 6.5k

သ ဉ္ဇာနွယ်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၆ / ၂၀၂၂
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ မိုင်းထိလူနာ ၁ ဦးသည် နှလုံးမကောင်း၍ဆေးရုံတက်ကုသမှုခံယူနေစဉ် အမောဖောက်၍ သေဆုံးသွားခဲ့သည်ဟု သိရသည်။
သေဆုံးသွားသူမှာ အမ်းမြို့နယ်၊ ဒါးလက်အနောက်ကျေးရွာမှ ဦးလှကျော် (၅၅ နှစ်)ဖြစ်သည်။
မိုင်းထိမှန်ထားသည့်သူ၏ဒဏ်ရာကောင်းသွားပြီဖြစ်သော်လည်း နှလုံးမကောင်း၍ မင်းပြားဆေးရုံတွင် ပြီးခဲ့သည့်အပတ်မှစတင်ကာ တက်ရောက်ကုသမှုခံယူနေစဉ် ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်၊ ည ၈ နာရီကျော်တွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူ ဒေါ်မအေးက ပြောသည်။
"သူ့မှာ နှလုံးမကောင်းဘူးလို့ ဆရာဝန်က ပြောပါတယ်။ သူဆုံးသွားတော့ အိမ်လည်းမပြန်ရဲတော့ဘူး။ သားလေး နှစ်ယောက်ကို ပညာသင်ပေးဖို့ သူ့အဖေမသေခင် မှာသွားတယ်။ ရွာဘက်မှာက မိုင်းတွေ မကြာခဏပေါက်ပါတယ်။ ကလေးတွေနဲ့ ရပ်တည်ဖို့ အခက်ခဲဖြစ်နေပါတယ်" ဟု ပြောသည်။
သေဆုံးသူသည် အဆုတ်နှင့် နှလုံးရောဂါကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု မင်းပြားမြို့နယ် ဆရာဝန်ကြီး၏ သေဆုံးမှုထောက်ခံချက်တွင် ဖော်ပြထားသည်။
သေဆုံးသွားသူ၏ရုပ်အလောင်းကို ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက် နံနက်တွင် မင်းပြားသုဿာန်၌ မီးသင်္ဂြိုလ်ခဲ့သည်ဟု မင်းပြားမြို့ နာရေးကူညီမှုဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးလှမောင်သာက နိရ ဉ္စရာကိုပြောသည်။
သေဆုံးသွားသူသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လအတွင်း ကျေးရွာအနီးရှိ တောထဲသို့ထင်းခွေသွားရာမှ မိုင်းနင်းမိ၍ မိုင်းစထိမှန်ကာ ခြေထောက်ဒဏ်ရာအပြင်းထန်ရရှိခဲ့သူဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ