တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတွင် ရခိုင်ပြည်ကျောင်းသားသမဂ္ဂအား ခြိမ်းခြောက်သည့်စာများရေးသားဖြန့်ဝေနေ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၂၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက် ညနေပိုင်းက အိမ်စီးကားအဖြူဖြင့် အမည်မသိလူတစ်စုက ရခိုင်ပြည်ကျောင်းသားသမဂ္ဂအား ခြိမ်းခြောက်သည့် စာများကိုရေးသားဖြန့်ဝေနေပြီး လူမြင်ကွင်းတွင် ၎င်းစာများကို လိုက်ကပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်ရှိ အမှတ်() အခြေခံပညာအထက်တန်းကျောင်းတွင်လည်း ကျောင်းသားများအား ဆဲဆိုထားသော စာသားများကို နံရံပေါ်တွင် ဆေးမှုတ် ရေးသားထားကြောင့် ဓာတ်ပုံများတွင် မြင်တွေ့ရသည်။

ထို့အပြင် ယင်းအနီးအနားရှိ လမ်းမများပေါ်တွင်လည်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂအား ရိုင်းစိုင်းစွာ ဆဲဆိုထားသော စာများရေးသား ထားသည့် စာရွက်များကိုလည်း ဖြန့်ဝေထားသည်။

" စာရွက်တွေကိုလည်း အထက ကျောင်းနားမှာပဲ ဖြန့်ထားခဲ့တာ။ ကျောင်းထဲကိုလည်း အိမ်စီးကားအဖြူ အရပ်ဝတ်နဲ့ လူတွေ ဝင်သွားတာမြင်လိုက်တယ်လို့ မြင်တဲ့သူတွေက ပြောတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။


ရခိုင်ပြည်အတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း စစ်ကောင်စီ၏လက်ချက်ကြောင့် မိမိတို့ပြည်သူများ သေဆုံးနေရသည့်အချိန်တွင် စစ်ကောင်စီကခြိမ်းခြောက်တိုင်း ကျောင်းတက်စရာမလိုအပ်ဟုလည်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂက တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ကိုယ့်ပြည်သူတွေလူထုတွေ ရက်ရက်စက်စက်အသတ်ခံနေရတဲ့အချိန်မှာ သူတို့(စစ်ကောင်စီ)က ခြိမ်းခြောက်တိုင်း ကျောင်းတက်ရဖို့အချိန် မဟုတ်တော့ဘူး" ဟုပြောသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂသည် ပြီးခဲ့သည် ဒီဇင်ဘာလ ၁၁ ရက အကြမ်းဖက်စစ်ကောင်စီ၏ ဖက်ဆစ် ကျွန်ပညာရေးစနစ်ကို အလိုမရှိကြောင်းနှင့် ဖက်ဆစ်အစိုးရနှင့်သက်ဆိုင်သည့် ကျောင်းများကိုလည်း ကျောင်းမတက်သပိတ်မှောင်ကြောင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားခဲ့သည်။
(NN-8)

ဆက်စပ် သတင်းများ