တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း ဂဏန်းတောင်ကျေးရွာတွင် သွေးလွန်တုတ်ကွေးရောဂါဖြင့် ၃ တန်းကျောင်းသူတစ်ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 2.5k

 (ရခိုင်တွင် သွေးလွန်တုတ်ကွေးကြောင့်သေဆုံးသည့်ကလေး ဦးအထိရှိလာ)
 
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ကျေးရွာတွင် သွေးလွန်တုတ်ကွေးရောဂါဖြင့် တန်းကျောင်းသူ တစ်ဦးသေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသွားသူမှာ အသက်()နှစ်အရွယ် တန်းကျောင်းသူ မဆွေဆွေဦးဖြစ်ပြီး ယနေ့ဇူလိုင်လ ၁၅ ရက်၊ နေ့လယ် နာရီခွဲခန့်က သေဆုံးသွားခြင်းဖြစ်သည်ဟု ဂဏန်းတောင်ကျေးရွာသားတစ်ဦးက ပြောသည်။

"အဲ့ဒီကလေးက မနေ့ကဖျားတာ။ သွေးလွန်တုတ်ကွေးဖြစ်တာဆိုလို့ ဒီနေ့စစ်တွေဆေးရုံကိုပို့တာ။ အဲ့ဒါ လမ်းမှာဆုံးသွားတာပါ" ဟု ပြောသည်။

လက်ရှိတွင် သွေးလွန်တုတ်ကွေးရောဂါဖြင့် သေဆုံးသွားသည့် မဆွေဆွေဦး၏ ရုပ်အလောင်းအား ကျေးရွားသို့ပြန်လည် ယူဆောင်လာနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတော်ကျေးရွာမှ အလယ်တန်း တက်ရောက်နေသည့် အသက်(၁၃)အရွယ်အမျိုးသမီးငယ်တစ်ဦးနှင့် မြတ်လှဲကယ်ဆယ်ရေးစခန်းမှ အသက် နှစ်ကျော်အရွယ် ယောကျာ်းလေးတစ်ဦးတို့မှာ သွေးလွန်တုတ်ကွေးရောဂါဖြင့် သေဆုံးသွားခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်၊ ညနေ နာရီခန့်ကလည်း တောင်ကုတ်မြို့နယ်၊ ဖောင်းခါးကျေးရွာမှ တန်းကျောင်းသားတစ်ဦးဖြစ်သူ အသက်(၁၃)နှစ်အရွယ် မောင်စိုးဇေယျာဖြိုးမှာ သွေးလွန်တုတ်ကွေးရောဂါဖြင့် ရန်ကုန်ဆေးရုံကြီးတွင် သေဆုံးသွားခဲ့သည်။

ယင်းအပြင် ပြီးခဲ့သည့် ဇူလိုင်လ ရက်ကလည်း မြေပုံမြို့နယ်၊ ညောင်တောကျေးရွာမှ အသက် နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးမှာ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားပြီးပေါက်တောမြို့နယ် ဆေးရုံတွင် ကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်။

ရခိုင်တွင် ယခု ဇူလိုင်လ ရက်မှ ၁၅ ရက်အတွင်း  သွေးလွန်တုတ်ကွေးဖြစ်ပွား၍ ကလေး ဦးအထိသေဆုံးသွားပြီဟု သိရသည်။


ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းပြီးနောက် တောရော၊ မြို့ပါ သွေးလွန်တုတ်ကွေး ဖြစ်ပွားမှု များပြားလာနေပြီး ဖြစ်ပွားမှုအများဆုံးမှာ မြို့ပေါ်များနှင့် နယ်ဘက်မှ ကျေးရွာများတွင် ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံများနှင့် ကျန်းမာရေးအသိုင်းအဝိုင်းက ပြောသည်။ 

သွေးလွန်တုတ်ကွေးရောဂါသည် ရောဂါပိုးများ ရှိနိုင်သည့် ရေကြည်၊ ရေကြိုင်များတွင် ပေါက်ဖွားသည့် ခြင်းကျားများ အကိုက်ခံရခြင်းမှ ဖြစ်ပွားတတ်ခြင်းဖြစ်ပြီး ကလေးနှင့် လူကြီးပါ အဖြစ်များသည့်ရောဂါဖြစ်သည်။

အထူးသဖြင့် ကလေးများအား ခြင်ကိုက်မခံရအောင် မိဘများက အထူးသတိထား ဂရုစိုက်ရန်လိုသည်ဟုလည်း ကျန်းမာရေးအသိုင်းအဝိုင်းက တိုက်တွန်းထားသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအထိ သွေးလွန်တုတ်ကွေးဖြစ်ပွားသူ ၉၀၀ ကျော်ရှိခဲ့သည်ဟု သိရသည်။

၂၀၁၇ ခုနှစ်ကဆိုလျှင် ရခိုင်တွင် သွေးလွန်တုတ်ကွေးရောဂါအဖြစ်များခဲ့ပြီး သေဆုံးသူ ၂၇ ဦးအထိ ရှိခဲ့သည်ဟု ပြည်နယ်ကျန်းမားရေးဌာနစာရင်းများအရ သိရသည်။ (NN- 12)

ဆက်စပ် သတင်းများ