တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်ကမြို့နယ် ၆ ခုတွင် မြန်မာစစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.9k

( ကျသွားပြီဖြစ်သည့် "နှုံးဘူးဗျူဟာ" ပတ်ဝန်းကျင်သို့ လေယာဉ်တစ်စီး လာရောက်ပစ်ခတ်)တိုက်ပွဲတိုင်း အရှုံးဖြင့်ရင်ဆိုင်နေရသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ယနေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့တွင်  ရခိုင်က မြို့နယ် ၆ ခုတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်နေကြောင်း ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်သည်။

 ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ မြေပုံ မြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းတ ချို့သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်း၊ ရေကြောင်းများမှလည်း လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဒီဇင်ဘာလ (၁၂) ရက်၊ နံနက် (၈) နာရီခန့်မှ စတင်ပြီး ကြိုကြားကြိုကြား ပစ်ခတ်တိုက်ခိုက်လျက် ရှိသည်ဟု သတင်းတွင် ဖော်ပြသည်။  

 

ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီ၏ စခန်းအချို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ် တိုက်ခိုက်ခြင်းအပြင် ဂျက်လေယာဉ်တစ်စီးဖြင့် မိမိတို့ သိမ်းပိုက်ရယူထားသော "နှုံးဘူးဗျူဟာ" ပတ်ဝန်းကျင်သို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

ဆက်စပ် သတင်းများ