တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် ဆက်သွယ်ရေးလိုင်းများ စစ်ကောင်စီဖြတ်တောက်မှုအပေါ် စိုးရိမ်ဟု ညီနောင်သုံးဖွဲ့ထုတ်ပြန်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၉ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.9k

ရခိုင်တွင် ဆက်သွယ်ရေးလိုင်းများအား စစ်ကောင်စီဖြတ်တောက်မှုအပေါ်  စိုးရိမ်ကြောင်း ညီနောင်သုံးဖွဲ့၏ ဇန်နဝါရီ ၁၈ ရက် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီသည် ရက္ခိုင်ဒေသတွင်းရှိ မြို့နယ်အချို့၌ ဆက်သွယ်ရေးလိုင်းများအား ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ထားသောကြောင့် မိမိတို့အနေဖြင့် များစွာစိုးရိမ်လျက်ရှိသည်ဟု ဆိုသည်။ 

ယခုကဲ့သို့ စိုးရိမ်မှုဖြစ်ရခြင်းမှာ  စစ်ကောင်စီသည် ဤကဲ့သို့ဆက်သွယ်ရေးအင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အချိန်တိုင်း၌ မိမိတို့၏ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုများကို ပိုမိုကျူးလွန်တတ်သောအထောက်အထားများကို ယခင်ကလည်း တွေ့ကြုံခဲ့ဖူး၍ပင် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်တွင် မိုင်တယ် Mytel မှအပ  ကျန် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ အားလုံးပြတ်တောက်သွားပြီဟု သိရသည်။

စစ်တွေတွင် လွန်ခဲ့သည့်  ဇန်နဝါရီ ၁၆ ရက်နေ့ကတည်းက MPT  လိုင်းကျသွားပြီး ယနေ့တွင် လုံး၀ ပြတ်တောက်သွားခဲ့သည်ဟု သိရသည်။

စစ်တွေဒေသခံတစ်ဦးက Mytel က လွဲပြီး ကျန် Operators လိုင်းများမရတော့ဟု ဆိုသည်။

ယခုကဲ့သို့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများဖြတ်တောက်ထားခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။

ဆက်စပ် သတင်းများ