တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

သံတွဲတွင် အများပြည်သူများလာရောက်လည်ပတ်နိုင်ရန် ဆင်ပြခန်းဖွင့်လှစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 4k

နိရဉ္စရာ၊ဖေဖော်ဝါရီ/ ၂၀၂၃

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ဇာနီတောင်သစ်ထုတ်လုပ်ရေးစခန်းတွင် အများပြည်သူများ လာရောက် လည်ပတ်နိုင် ဆင်ပြခန်း တစ်ခုဖွင့်လှစ်လိုက်သည်ဟု သတင်းရရှိသည်။

၎င်းဆင်ပြခန်းကို ယခုလ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး အများပြည်သူများအားလပ်ရက်များတွင် အပမ်းဖြေ လာရောက်လည်ပတ်နိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းသစ်ထုတ်လုပ်ရေးစခန်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

  အခုလက်ရှိမှာ သံတွဲခရိုင်အတွင်းက အစိုးရသစ်ထုတ်လုပ်ရေးလုပ်ငန်းတွေကို  ရပ်နားထားတယ်လေ။ အဓိက ရခိုင်ရိုးမက ထုတ်တာပေါ့။  အဲဒီလို ရပ်နားထားချိန်မှာ ဆင်တွေလည်း အလုပ်နားထားတော့ ပြည်သူတွေ လည်း ဆင်တွေကို လာကြည့်လို့ရအောင်၊ စီးလို့လည်း ရအောင်စီစဉ်တာပါ။ အဓိက ဆင်တွေအတွက် အစားအစာဖိုးလိုတယ်။ သစ်ထုတ်လုပ်ရေးစခန်းက လူတွေလည်း စားဝတ်နေရေး အဆင်ပြေအောင် စီစဉ်ရတာ ဖြစ်ပါတယ် ဟု ပြောကြားသည်။

ဆင်ပြခန်းသို့  ဝင်ကြေးမှာ ၁၀၀၀ ကျပ်၊ ဆင်စီးလျှင် ၅ ထောင်ကျပ်နှင့် ဆင်အစာကျွေး ၃ ထောင်ကျပ် စီ သတ်မှတ်ထားကြောင်း သိရသည်။

၂၀၁၈ ခုနှစ်ကပင် ဇာနီတောင် ဆင်ပြခန်းဖွင့်လှစ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်မှ စတင်ဖွင့်လှစ်နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

ံတွဲခရိုင်အစိုးရသစ်ထုတ်လုပ်ရေးစခန်းတွင် ဆင်အကောင် ၂၀ ခန့်ရှိပြီး ဝန်ထမ်းအယောက် ၂၀၀ ကျော် ရှိကြောင်း သိရှိရသည်။

၎င်းဆင်စခန်းတွင် တာဝန်ခံ၊ တိုင်းဆင်ဆရာဝန်၊ ဒေသဆင်ဆရာဝန်၊ သစ်အုပ်၊ ဆင်ခေါင်း၊ ဆင်ဦးစီး၊ အဆင့်ဆင့်ရှိကြောင်း အမည်မဖော်လိုသူ သစ်ထုတ်လုပ်ရေးဝန်ထမ်း ဆင်ခေါင်းတာဝန်ခံက ပြောကြားသည်။

(CJ သံတွဲ ပေးပို့သည်။)

ဆက်စပ် သတင်းများ