တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မုန်တိုင်းကာလအတွင်း ပြည်သူများအား စေတနာအပြည့်ဖြင့် ကူညီပေးခဲ့သည့် မေတ္တာရောင်ခြည်ပရဟိတအဖွဲ့ကို အဓိဌာန်ဆရာတော်ကြီးမှ ကျပ်သိန်း (၅၀)ဂုဏ်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 473

မုန်တိုင်းကာလအတွင်း ဘေးအန္တရာယ်မှ လွတ်ကင်းရန် လာရောက်ခိုလှုံခဲ့ကြသည့် ပြည်သူများအား စေတနာအပြည့်အ၀ဖြင့် ကူညီပေးခဲ့သည့် မေတ္တာရောင်ခြည်ပရဟိတအဖွဲ့ကို အဓိဌာန်ဆရာတော်ကြီး မှ ငွေကျပ် သိန်း (၅၀ဂုဏ်ပြုခဲ့ကြောင်း သိရသည်။ 


မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော် ဘဒ္ဒန္တ ကုလရက္ခိတကိုယ်တိုင် ယမန်နေ့  ဇွန်  ရက် နေ့လယ်  နာရီခွဲ တွင် စစ်တွေမြို့ရှိ မဟာဇေယျသိဒ္ဓိ ဓိဌာန်သိမ်တော်ကြီးတွင် ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ 

 

မေတ္တာရောင်ခြည် ပရဟိတအဖွဲ့သည် မေလ ၁၄ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို အလွန့်အလွန်အားကောင်းသော မိုခါ ဆိုင်ကလုန်း မုန်းတိုင်းကြီး တိုက်ခတ်စဉ် အဓိဌာန်သိမ်တော်ကြီး၌ ယာယီလာရောက် ခုံလှုံနေခဲ့ကြသော သက်ကြီးရွယ်အို၊ ကလေးသူငယ်များ နှင့် အမျိုသား၊ အမျိုးသမီး လေးထောင် (၄၀၀ခန့်အား မငြိုမငြင်ဘဲ စေတနာအပြည့်ဖြင့် ကူညီပေးခဲ့ကြသည့်အတွက်  ဆရာတော်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ အလှူငွေကျပ် သိန်း(၅၀ကို ထောက်ပံ့ချီးမြှင့် ဂုဏ်ပြုခြင်း ဖြစ်သည်ဟု မေတ္တာရောင်ခြည် ပရဟိတအဖွဲ့ဥက္ကဋ္ဌ ကိုလင်းလင်းက နိရဥ္စရာကို ပြောသည်။ 

 

"လေဘေးကာလအတွင်း ဆရာတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့   ပြည်သူတွေကို အဆောက်အအုံ ပြိုကျနေတဲ့ကြားကနေပြီး ကျနော်တို့ အဖွဲ့ လူတွေကို သွားကယ်ရတာတွေရှိတယ်။ လေမုန်တိုင်းကြားထဲက  ဆွဲခေါ်ပြီ ကယ်ထုတ်ရတာတို့ သွားယူရတာတို့ ရှိတယ်။ ကိုယ့်အသက်ကို ငဲ့ညှာမှု မရှိဘဲ ဒီလို လုပ်ဆောင်ခဲ့ကြတဲ့ အတွက် မင်းတို့ကို ဂုဏ်ပြုတယ်လို့ ဆရာတော်ကြီးက မိန့်ကြားပါတယ်" ဟု ပြောသည်။ 

 

မေတ္တာရောင်ခြည် ပရဟိတအဖွဲ့သည် မုန်တိုင်းတိုက်ခတ်နေစဥ်ကာလအတွင်း စစ်တွေမြို့ရှိ အဓိဌာန်ကျောင်းမှ လေဘေးရှောင် ,၂၀၀ ခန့်ကိုသာမက စိတ္တသုခကျောင်းတွင် ခိုလှုံနေသည့် လေဘေးရှောင် ,၈၀၀  နှင့် ရေပိုက်ဆုံကျောင်းတွင် ခိုလှုံနေသည့် လေဘေးရှောင်၂,၂၀၀ ခန့်တို့ကို ကျန်းမာရေးနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။ 

 

ယင်းအပြင် မုန်တိုင်းအလွန်ကာလများတွင် ယနေ့အချိန်အထိ အရေးပေါ်အကူအညီ နှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားကြိုးမာန်တက် လုပ်ဆောင်နေသည့် အဖွဲ့တစ်ခုလည်းဖြစ်သည်ဟု သိရသည်။ (NN-7)

ဆက်စပ် သတင်းများ