တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မလေးရှားအချုပ်ထောင်အတွင်း ရခိုင် အမျိုးသမီး တစ်ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

မလေးရှားနိုင်ငံ၊ စလန်းကောပြည်နယ်၊ ကလန်းမြို့ ရောက်ရှိနေခဲ့သည့်ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊သဲပုန် ကျေးရွာက မမဲကျော့ဆိုသည်သူမလေးရှားအချုပ်ထောင်တွင် သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကူညီရေးအသင်း (မလေးရှား)ထံက သိရှိရသည်။

အဆိုပါ အမျိုးသမီးသည် ကလန်းမြို့က စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေပြီး မလေးရှား အာဏာပိုင်များ၏ ရှောင်တခင် ဝင်ရောက်စစ်ဆေးချိန် အထောက်အထားမဲ့ လာရောက်မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း မလေးရှား ရောက် မြန်မာ အလုပ်သမားအရေးဆောင်ရွက်သူများက ပြောသည်။

ကလေးမလေး သေဆုံးတာက ၁၉ ရက်နေ့ကပေါ့။ သူ့မိသားစုနဲ့ဆက်သွယ်ရပါတယ်။ သူကျန်ခဲ့တဲ့ ပစ္စည်းလေး တွေ ပေးဖို့ လုပ်ပြီးပါပြီဟု မလေးရှားရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။

သေဆုံး အမျိုးသမီးသည် ကာချမ်းမြို့ အချုပ်ထောင် အမှုရင်ဆိုင်ရင်စောင့်ဆိုင်းနေချိန် ကျန်းမာရေး မကောင်း သဖြင့် ကာချမ်းမြို့က ဆေးရုံကြီးသို့ သက်ဆိုင်ရာက ပို့ဆောင်ဆေးဝါးကုသမှုခံယူစေခဲ့ချိန် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

၎င်းဖမ်းဆီးချိန်က မ‌လေးရှား ရင်းဂစ်ငွေ ၂၆၁၁၊ VIVO လက်ကိုင်ဖုန်း၊ မှတ်ပုံတင်နှင့် စာရွက် စာတမ်းများကို မိသားစုထံ အပ်နှံ့ ပေးခဲ့ကြောင်းကိုလည်း သိရှိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း မလေးရှားနိုင်ငံ လုပ်ငန်းခွင် တစ်ခုအတွင်း မြန်မာအလုပ်သမားတစ်ဦး အသက်ရှူ ကြပ် သေဆုံးမှုခဲ့မှုဖြစ်ပေါ်ခဲ့ကြောင်း နှလုံးလှ ပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ - မလေးရှား) ထံက သိရှိရသည်။ (NN – 25)

ဓာတ်ပုံ - သေဆုံး မမဲကျော့ ပုံရိပ် (မြန်မာနိုင်ငံလူမှုကူညီရေးအသင်း - မလေးရှား)

ဆက်စပ် သတင်းများ