- Web Master
- ၂၆ အောက်တိုဘာ ၂၀၂၄
(ရဲသား (၆) ဦး အေအေထံ
လက်နက်ချအလင်းဝင်သွား)
ရခိုင်ပြည်နယ်၊
ကျောက်တော်မြို့၊ မြို့မရဲစခန်း အပါအဝင် မြို့ဝင်တံတား ကစ္ဆပနဒီဂိတ်မှ ရဲသားများ စွန့်ခွာ ထွက်ပြေးသူ ထွက်ပြေး၊ ရက္ခိုင့်တပ်တော် (AA)ထံ လက်နက်ချသူချ ဖြစ်နေသဖြင့် စစ်ကောင်စီတပ်က မြို့မ ရဲစခန်းတွင်
ဝင်ရောက်နေရာယူထားရသည်ဟု သတင်းရရှိသည်။
ကစ္ဆပနဒီတံတားဂိတ်မှ ရဲတပ်သား (၆) ဦးသည် ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်၊ ညနေ ၇ နာရီခန့်က အေအေထံ လက်နက်ချ အလင်းဝင် သွားကြောင်း
သိရသည်။
ယင်းသို့
ရဲတပ်သား (၆) ဦး လက်နက်အပ်အလင်းဝင်သွားသည့်အတွက် ကစ္ဆပနဒီ တံတားဂိတ်မှ ကျန်နေသည့် ရဲတပ်သားများကို စစ်ကောင်စီ တပ်သားများက
ကားနှင့် ကျောက်တော်တောင်ပေါ်သို့
ပြောင်းရွှေ့ထားကြောင်း
ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။
"မနေ့ညက ရဲ ၆ ယောက် အလင်းဝင်သွားတယ်။
ကျန်ရဲတွေကို စစ်တပ်က ကျောက်တော် တောင်ပေါ်ကို
၎င်းပြင် ကျောက်တော်မြို့မရဲစခန်းတွင်လည်း
ရဲသားတချို့ ထွက်ပြေးသွားသည်ဟု သတင်းများ ထွက်ပေါ်နေပြီး လက်ရှိတွင် ကျန်နေသည့် ရဲများနှင့်
စစ်တပ်က ဝင်ရောက်နေရာယူထားသည်ဟု ကျောက်တော်ဒေသခံများက ပြောသည်။
ယင်းဖြစ်စဥ်များကြောင့်
ယနေ့ နံနက်ပိုင်း နှင့်
နေ့ လယ် ၂ နာရီခွဲခန့်မှစကာ ၅ နာရီခွဲအချိန်ထိ စကခ(၉) ကျောက်တော်တပ်မက လူနေကျေးရွာများသို့
လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်နေခဲ့ကြောင်း
ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။
"မနက်ကလည်း လေးငါးချက် လက်နက်ကြီးပစ်တယ်။ လက်နက်ကြီးသံရော၊ လက်နက်ငယ်သံရော
ခဏနေတစ်ခေါက် တော်ကြာနေတစ်ခေါက် အချိန်သိပ်မခြားဘူး။ မကြာမကြာကြားနေရပါတယ်။
နှစ်ဘက်ပစ်စ်ခတ်တဲ့ အသံတော့ မဟုတ်ဘူး။ တပ်မက ရမ်းသန်းပစ်နေတာပါ"ဟု ဆိုသည်။
ယင်းသို့
စစ်ကောင်စီတပ်က လူနေကျေးရွာများအား
လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်
ရမ်းသန်းပစ်ခတ်နေသည့် အတွက်
လူထိခိုက် သေဆုံးမှုများရှိမည်ကို
"ကျမတို့အနေနဲ့က ကိုယ့်ကိုပဲ လာထိမလား။
ဘယ်နေရာကို ကျမလဲ စိုးရိမ်တယ်။ တကယ့်ကို စိတ်မချမ်းသာပါဘူး" ဟု ပြောသည်။
လက်ရှိမှာ
မြို့ပေါ်တွင် တိုက်ပွဲများ
ဖြစ်ပွားလာမည်ကို စိုးရိမ်၍ ကျောက်တော်မြို့ပေါ်မှ ဒေသခံများသည် နယ်ကျေးရွာများသို့
ပြောင်းရွှေ့မှုများလည်း ရှိနေကြောင်း သိရသည်။
ရခိုင်တွင်
တိုက်ပွဲပြန်လည်ဖြစ်ပွားသည့် နိုဝင်ဘာလ
(၁၃) ရက် တစ်ရက်တာအတွင်း ရခိုင်ရှိ
စစ်ကောင်စီတပ်၏
နယ်ခြားစောင့်တပ်စခန်း၊ ရဲစခန်းအပါဝင် စခန်းပေါင်း (၄၀) နီးပါးကို စွန့်လွှတ်ခဲ့ရကြောင်း အေအေက
ထုတ်ပြန်ထားသည်။
ကျောက်ဖြူ၊
ရမ်းဗြဲ၊ တောင်ကုတ်၊ ဘူးသီးတောင်၊
မောင်တော၊ ကျောက်တော်စသည့် ရခိုင်မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်း နှင့် ရဲစခန်း၊
နယ်ခြားစောင့်စခန်းများတွင်လည်း အေအေထံ လက်နက်ချအလင်းဝင်မှု
နှင့် တပ်စခန်း စွန့်ခွာထွက်ပြေးမှုများဆက်လက်
စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ချအညံ့ခံရန် အသိပေးထားသော်လည်း
လက်ခံမှုမရှိပါက ဆက်လက် တိုက်ခိုက်သွားမည်ဟု
ရက္ခိုင့်တပ်တော်(AA)က
နိုဝင်ဘာ ၁၅ ရက်တွင် သတိပေး
ထုတ်ပြန်သည်။ (NN-7)