- Web Master
- ၁၇ အောက်တိုဘာ ၂၀၂၄
ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်စခန်းများတွင် သွေးလွန်တုပ်ကွေးရောဂါအဖြစ်များနေပြီး ဆေးကုမှုခံယူရန် ငွေကြေးအခက်အခဲရှိနေသည်ဟု သိရသည်။
ကျောက်တော်မြို့နယ်ရှိ မီးရထားဘူတာ၊ ကန်စောက်၊ ဝါးတောင်နှင့် တောင်မင်းကုလားစစ်ဘေးရှောင် စခန်းများတွင်လည်း အဖြစ်များနေကြောင်း စစ်ဘေးရှောင်များက ပြောသည်။
မီးရထားဘူတာစခန်းမှ စစ်ဘေးရှောင်တစ်ဦးက ''အခုကလေးတွေ တအားဖျားတယ်။ ဒီမှာ ကုလို့ရရင် ကုကြတယ်။ မရရင်တော့ ဆေးရုံကြီးမှာ ပြကြရတယ်။ မတတ်နိုင်တဲ့လူတွေမှာလည်း ချေးငှားပြီးတော့ ကုနေရတယ်။ အများစုက ဆေးကုဖို့ မတတ်နိုင်ကြဘူး"ဟု ပြောသည်။
ယင်းအပြင် ဘူးသီးတောင်မြို့နယ်မှ ရန်အောင်မြေစစ်ဘေးရှောင်စခန်းတွ
''ကျန်းမာရေးစောင့်ရှောက်မှု
စစ်ဘေးရှောင်စခန်းများတွင် သွေးလွန်တုတ်ကွေးဖြစ်ပွားနေမှု
ယင်းအပြင် လက်ရှိမှာ မိုးရာသီဖြစ်သည့်အတွက် သွေးလွန်တုပ်ကွေးရောဂါအပြင် တခြားဖျားနာရောဂါများလည်း ဖြစ်နေကြသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ရခိုင်ပြည်နယ်တွင် သွေးလွန်တုတ်ကွေးဖြစ်နေသည့် အရေးအတွက်အား သိရှိနိုင်ရန်အတွက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ကုသရေး ဦးစီးဌာနမှုး ဒေါက်တာကြည်လွင်အား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။
နိရဉ္စရာမှ ကောက်ယူထားသည့် အချက်အလက်များအရ ရခိုင်တွင် ဇူလိုင်လအတွင်း အသက် ၁၅ နှစ်အောက် ကလေးငယ် ၅ဦး အထိ သေဆုံးမှု ရှိနေသည်။
ရခိုင်တွင် ယခုနှစ် မိုးဦးကာလ ဇူလိုင် ၁ ရက်အထိ သွေးလွန်တုတ်ကွေးဖြစ်သူ ၄၂၆ ယောက်ဆေးရုံရောက်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ သိကြားစေချင်ငွေသဇင်တွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ မေလ ၂၀ ရက်အထိ မြန်မာနိုင်ငံအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၇၁၇ ဦးရှိပြီး သေဆုံးသူ ၇ ဦးရှိသည်ဟု စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။
သွေးလွန်တုပ်ကွေးရောဂါသည် နေ့ခင်းကိုက်တတ်သည့် ခြင်ကျားမှတဆင့် ကူးစက်တတ်ခြင်းဖြစ်၍ ပြည်သူများအနေဖြင့် ခြင်များပေါက်ပွားခြင်းမရှိစေ