- Web Master
- ၁၇ အောက်တိုဘာ ၂၀၂၄
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်သည်
ခရီးသွားပြည်သူများအပေါ်
စစ်ဆေးမှုများ ယခင်ကထက်
ပိုမိုတင်းကျပ်လာနေကြောင်း
သိရသည်။
စစ်တွေ-ရန်ကုန်ကားလမ်းတစ်လျှော
စစ်တွေမှ မြောက်ဦးသို့
သွားလာဖြတ်သန်းနေသည့် ခရီးသည်တင်ယာဉ်များကိုလည်း ယခုရက်ပိုင်းအတွင်း
တင်းကျပ်စစ်ဆေးမှုများ ခပ်စိပ်စိပ်ပြုလုပ်နေသည်ဟု ယာဉ်မောင်းတစ်ဦးက
ပြောသည်။
"မှတ်ပုံတင်ပါလား၊
မွတ်ဆလင်တွေပါလား၊ ဆေးတွေပါလား၊ တားမြစ်ဆေးတွေပါလား အဲ့လိုမျိုးစစ်တယ်။ စစ်တွေက ကျောက်တန်းဂိတ်မှာဆိုရင်
ဆေးဖာတွေကို ဖွင့်စစ်တယ်။ တားမြစ်ဆေးတွေဘာတွေ ပါလားပေါ့နော်။
တားမြစ်ဆေးက ဘာဆေးဆိုတာ ကျနော်တို့မသိပါဘူး"ဟု နိရဥ္စရာသတင်းဌာနကို
ပြောသည်။
ယင်းအပြင်
အချိန်ကြာစစ်ဆေးခြင်းတို့ကြောင့်
"ကားပေါ်ကခရီးသည်တွေကို ဘယ်ကလာလဲ၊
ဘယ်ကိုသွားလဲမေးမြန်းတယ်။ လမ်းမှာ စစ်တပ်ကလူတွေ အစစ်အဆေးလုပ်တယ်။
မေးမြန်းတယ်ဆိုတော့ စိတ်မလုံခြုံမှုဖြစ်တယ်။ သွားရလာရတာစိတ်မဖြောင့်ဘူး။
သူတို့မသင်္ကာရင်တော့ အကုန်စစ်တယ်" ဟုပြောသည်။
ရခိုင်က
စစ်ဆေးရေးဂိတ်တစ်ချို့တွင် စစ်ဆေးရေးများပြန်လည်တင်းကျပ်လာ
"စစ်ဆေးတာကတော့
အရင်လိုပါပဲ။ ဆေးဝါးတွေကတော့ အရင်တုန်းကလို လွတ်လပ်စွာသယ်ယူခွင့်မရတာ
အပစ်အခတ်ရပ်ပြီးနောက်ပိုင်းကတည်
စစ်ကောင်စီနှင့်
ရက္ခိုင့်တပ်တော် (AA)တို့
အပစ်အခတ်ရပ်စဲထားကြသော်လည်း စစ်ကောင်စီသည် ရခိုင်ပြည်အတွင်းရှိ ဒေသခံများကို
ခရီးသွားလာရာတွင် စစ်ဆေးမှုများတင်းကျပ်ခြင်း၊ ဆေးဝါးများ သယ်ယူခွင့်များကိုလည်
ရခိုင်တွင် ၂၀၁၈
ခုနှစ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ချိန်မှစတင်ပြီး လက်ရှိအချိန်ထိ
စစ်ကောင်စီတပ်ထံ ရခိုင်ပြည်သူများမှာ လူ့အခွင့်အရေးချိုးဖောက်ခြင်းမျ
(ဓာတ်ပုံ- ပုံဟောင်း)