- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
စစ်တွေမြို့ အပါအဝင် ရခိုင် အခြေစိုက်သည့် အရပ်ဘက်အဖွဲ့အစည်း (CSO)များကို ပြည်နယ် စစ်ကောင်စီက ရှောင်တခင် ဝင်ရောက်စစ်ဆေးမည်ဟု သတင်းထွက်ပေါ်နေသဖြင့် လူမှုရေး လုပ်ကိုင်ဆောင်ရွက်နေသူများအကြား စိုးရိမ်မှုများဖြစ်ပေါ်နေသည်ဟု သတင်းရရှိသည်။
စစ်ကောင်စီသည် ပြည်သူများထံသို့ နေ့စဉ် သတင်းများ ဖြန့်ဝေနေသည့် ရခိုင်မီဒီယာများကို နှိမ်နှင်းမှု တင်းကျပ်စွာပြုလုပ်လာပြီးနောက် နောက်ထပ်တစ်ဖန် လူမှုအဖွဲ့အစည်းများကို ထပ်မံနှိပ်ကွပ်ရန် စီစဉ်လာခြင်းဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
“ သူတို့က မီဒီယာဆိုလည်း ရန်သူလို သဘောထားတယ်။ သူ့တို့မကောင်းကြောင်း မရေးနဲ့ပေါ့။ သူတို့ကောင်းကြောင်းရေးရင်တော့ ဘာမှ ပြဿနာမတက်နိုင်ဘူးပေါ့။ အခုတစ်ခါ CSO လူမှုရေး အဖွဲ့အစည်းတွေဘက်ကို မျှားဦးလှည့်လာတယ်။ သတိထားဖို့ လိုအပ်တယ်”ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေအရ အုပ်ချုပ်ရေး အပိုင်းတွင် အစိုးရ နှစ်ရပ်လိုမျိုးဖြစ်နေသဖြင့် လူမှုရေး လှုပ်ရှားဆောင်ရွက်သူများအနေဖြင့် စစ်ကောင်စီနှင့်သာမက ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ( ULA/AA) နှင့်ပါ ဆက်ဆံနေရသဖြင့် လူမှုရေး လုပ်ငန်းများကို အန္တရာယ်ကြားက လုပ်ကိုင်ဆောင်ရွက်နေရသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။
စစ်ကောင်စီသည် တရားဝင်အသင်း မှတ်ပုံတင်ရှိသည့် CSO အဖွဲ့အစည်းအချို့ကို သတိပေးစာ ပေးပို့မှုများ
ယခင်က ရှိခဲ့ဖူးကြောင်း၊
ယခုလို စစ်ရေးတင်းမာနေသည့် အချိန်တွင် ရှောင်တစ်ခင် စစ်ဆေးမည်ဟု ဆိုလာသဖြင့် စိုးရိမ်မိကြောင်း စစ်တွေ CSO အသိုင်းအဝိုင်းမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်တွေအခြေစိုက် အမည်မဖော်လိုသည့်အဖွဲ့အစည်းတစ်
ရှောင်တခင်ဝင်ရောက်စစ်ဆေးမည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် တရားဝင်
မှတ်ပုံတင်ထားခြင်း မရှိ
"သတင်းတွေကတော့ ကြားနေရတယ်။ ကျမတို့ဆီတော့ စာမရောက်ဘူး။ သတင်းကြားတာတွေရှိတော့ ဒီကြားထဲ ပြင်ဆင်နေကြတဲ့အဖွဲ့အစည်းတွေကတေ
ယခုကဲ့သို့ CSO များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးမည့်
ပြည်နယ်စစ်ကောင်စီအနေဖြင့် ယခင်ကပင် အရပ်ဘက်အဖွဲ့အစည်းများကို လူသားချင်း
စာနာ ထောက်ထားမှု၊ အကူအညီများ ပေးဆောင်ရာတွင် ၎င်းတို့၏ခွင့်ပြုချက်မရဘဲ မဆောင်ရွက်ရန်နှင့် မှတ်ပုံတင်ထားပြီးသားအဖွဲ့အစည်း
ထို့အပြင် ပြီးခဲ့သည့်မတ်လအတွင်းကလည်း ပြည်နယ်စစ်ကောင်စီအဖွဲ့က ရခိုင်ရှိအရပ်ဖက်
အဖွဲ့အစည်းများ
ထို့အပြင် ပြည်နယ်စစ်ကောင်စီသည် စစ်တွေရှိ ဟိုတယ်၊ တည်းခိုခန်း၊ မိုတယ်များအနေဖြင့် ပြီးခဲ့သည့်
အောက်တိုဘာလ ၂၅ ရက်ကစပြီး UN၊ INGO၊ NGO အဖွဲ့အစည်းများက သင်တန်းများ
လက်ခံဆောင်ရွက်မည်ဆို
ထိုသို့စစ်ကောင်စီ၏တားမြစ်မှုမျ
စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်ကလည်း စစ်တွေမြို့ရှိ Development Media Group(DMG) သတင်းဌာနရုံးခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ရုံးရှိစက်ပစ္စည်းများ၊ စာရွက်စာတန်း
များကိုလည်း သိမ်းဆည်းသွားကာ ရုံးကိုလည်း ချိတ်ပိတ်သွားခဲ့သည်။
(NN-8)