- Web Master
- ၁၇ အောက်တိုဘာ ၂၀၂၄
ရခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားပြီးနောက် စက်သုံးဆီ 92 တစ်လီတာလျှင် ငွေကျပ် ၁ သောင်းဝန်းကျင်အထိ စံချိန်တင် မြင့်တက်လာသည့် အပြင် တချို့မြို့နယ်များတွင် ဝယ်ယူ၍ မရသည့်အထိ ရှားပါးနေသည်ဟု ဒေသခံများက ပြောသည်။
ယခုတကျော့ပြန်
စစ်မဖြစ်မီက မြောက်ဦးမြို့တွင် စက်သုံးဆီဈေး
92 ၁ လီတာကို ကျပ် ၂၄၀၀ ခန့်ရှိခဲ့ပြီး လက်ရှိတွင်
ကျပ် ၈၀၀၀ မှ ၁၀၀၀၀ ကျပ်အထိ
မြင့်တက်နေသည့်အပြင် ဆီပြတ်လပ်မှုနှင့်လည်း ကြုံတွေ့နေရသည်ဟု
မြို့ခံတစ်ဦးက ပြောသည်။
“ဆီက ရှာလို့တောင် မတွေ့တော့ဘူး။
ဒီကိုသွားလည်း မရ။ ဟိုကိုသွားလည်း မရ။
တခြားမြို့တွေက
တစ်ဆင့်ခံရောင်းတယ်လို့လည်း ကြားပါတယ် ”ဟု
ပြောသည်။
နိုဝင်ဘာလ
တကျော့ပြန် စစ်မဖြစ်မီအထိ ရခိုင်ပြည်၏မြို့တော်စစ်တွေတွင်
စက်သုံးဆီတစ်လီတာကို လမ်းဘေးဆိုင်များ၌ ၂၂၀၀
ကျပ်သာရှိခဲ့ပြီး လက်ရှိ နိုဝင်ဘာ ၃၀ ရက်တွင်
ကျပ် ၅၀၀၀ အထိ မြင့်တက်နေသည်ဟု
သိရသည်။
တချို့နေရာများတွင် အချိန်အကန့်အသတ်ဖြင့် ရောင်းချနေပြီး
တချို့နေရာများတွင် စက်သုံးဆီပြတ်လပ်မှုနှင့်
ကြုံတွေ့နေရသည်ဟု စစ်တွေမြို့ခံတစ်ဦးက
နိရဉ္စရာကို ပြောသည်။
“စစ်မဖြစ်ခင်တစ်ရက် ၂၂၀၀ ပဲရှိတယ်။ စစ်ဖြစ်ပြီးတော့ ၃၀၀၀ ဖြစ်လာတယ်။ အခုက
၅၀၀၀ အထိ ဖြစ်နေပြီ။ ဒါတောင် အကန့်အသတ်နဲ့ရောင်းတာ။
မနက် ၁၁ နာရီလောက်ပဲ ရှိသေးတယ်။ ဆိုင်ပိတ်လိုက်ကြပြီ။
ဆီမရှိလို့လား။ နောက်နေ့တွေမှာ တင်ရောင်းမလို့လားမသိဘူးပေါ့နော်
ယင်းအပြင် ပရဟိတအသင်းများတွင်လည်း
ယခင်ကကြိုထည့်ထားသည့် စက်သုံးဆီများဖြင့် အသုံးပြုနေပြီး
ထိုဆီများကုန်ခမ်းသွားမည်ဆိုပါက အလှူငွေလည်း မရရှိသည့်အတွက် လူမှုကူညီရေးလမ်းကြောင်းများကို
ရပ်နားထားရမည့်အခြေအနေရှိနေသည်
သံတွဲမြို့တွင်လည်း
ယခင်က စက်သုံးဆီတစ်လီတာကို
ကျပ် ၂၃၀၀ ခန့်ရှိခဲ့ပြီး လက်ရှိတွင် ကျပ် ၈၀၀၀ မှ ၉၀၀၀ အထိ မြင့်တက်နေသော်လည်း
စက်သုံးဆီများ ပြတ်လပ်နေသဖြင့် ဆီဆိုင်ကြီးများတွင်
တန်းစီ၍ အကန့်အသတ်ဖြင့် ဝယ်ယူနေရကြောင်း မြို့ခံများက ပြောသည်။
ထို့အတူ ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း
စစ်မဖြစ်မီက စက်သုံးဆီ ၁ လီတာကို ၂၇၀၀
ကျပ်ရှိခဲ့ပြီး
လက်ရှိတွင် ကျပ် ၈၅၀၀ အထိ မြင့်တက်နေသလို အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“လောလောဆယ်ကတော့ ပြတ်လပ်တာတော့ မရှိဘူး။ အများကြီးဝယ်လို့တော့ မရဘူး။
နှစ်လီတာလောက်ပဲ ဝယ်လို့ရတယ်။ ဒီလိုအခြေအနေ တစ်ခုကို
ကာလတိုတစ်ခုဆိုရင် အံကြိတ်ပြီးဖြတ်သန်းနိုင်တာပေါ့
မောင်တောမြို့တွင်လည်း နိုဝင်လာလအစောပိုင်းက
စက်သုံးဆီတစ်လီတာကို ကျပ် ၂၈၀၀ ရှိခဲ့ပြီး လက်ရှိတွင် ကျပ် ၅၅၀၀ အထိ မြင့်တက်နေကြောင်း
မြို့ခံများက ပြောသည်။
လက်ရှိ
ရခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲများ
စတင်ဖြစ်ပွားသည့် နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ စစ်ကောင်စီက
တစ်ပြည်နယ်လုံးအနှံ့ ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ပင်ထား၍ စက်သုံးဆီများ
တင်သွင်းခွင့်မရှိသည့်အတွက် ဆီပြတ်လပ်မှုများကို ကြုံနေရခြင်းဖြစ်သည်။
ထို့သို့
စက်သုံးဆီပြတ်လပ်၍ စက်သုံးဆီအသုံးပြုနေရသူများတွင် အလွန်တရာအခက်အခဲဖြစ်ပေါ်နေရကြော
ပုံ
- တကျော့ပြန်တိုက်ပွဲဖြစ်ပွားသည့် နောက်ပိုင်း သံတွဲမြို့ရှိ ဆီဆိုင်ကြီးများတွင် မြို့ခံများ
တန်းစီ၍ ဆီဝယ်ယူနေရပုံံ