- Web Master
- ၁၇ အောက်တိုဘာ ၂၀၂၄
ရခိုင်ပြည်နယ်တွင်
စစ်ကောင်စီမှ ဖြတ်လေးဖြတ်လုပ်ပြီး ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ထားသည်မှာ ရက်၄၀ ရှိလာနေပြီဖြစ်ကာ တချို့ဒေသများတွင်
ကုန်စျေးနှုန်းများမှာ အဆမတန်ကြီးမြင့်လာသဖြင့် အငတ်ဘေး ကျရောက်နေသည့် မိသားစုများ ရှိလာနေ
စစ်တွေမြို့နယ်မှ အမျိုးသမီးဒေ
ရခိုင်ပြည်နယ်တွင်
ပြည်သူများအဓိကအားထားသွားလာနေ
စစ်တွေမြို့နယ်မှ
နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦး
ကျောက်ဖြူဘက်က ဒေသခံတစ်ဦးကလည်း “ ကျောက်ဖြူမြို့နယ်မှာလည်း တော်တော် အခက်အခဲတွေ့နေကြရတယ်။ ထမင်းငတ်နိုင်တဲ့
အနေအထားမျိုးထိရှိနေတယ်လို့ ပြောလို့ရတယ်။ အဲဒါက
စစ်တပ်က လမ်းတွေ ပိတ်ထားတော့ ကုန်စည်စီးဆင်းမှု မရှိတာရယ်။ အလုပ်အကိုင်
မရှိတာရယ်။ နောက်ပြီး လူတွေရဲ့ မတော်မတရားဈေးတင်မှုရယ်
မွတ်ဆလင်လူကြီးတစ်ဦးဖြစ်သူ ဆရာဦးအောင်ခင် (စစ်တွေ)ဘာသာပြန်ဆရာကလည်း “ ရင်၌ ဆို့နင့်စွာ ခံစားရသည့်ဖြစ်ရပ်မှန်တစ်ခု..ရခိုင်ညီနောင်များသို့” ဟု ခေါင်းစဉ်တပ်ကာ သူ၏ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ရေးသားထားသည်။
“ ကျနော်စစ်တွေမြို့ရှိ ဘုန်းတော်ကြီး(ပရဟိတ)ကျောင်း တွင် အခကြေးငွေမယူဘဲ English စကားပြောနှင့် ဘာသာပြန်သင်တန်းပေးလျက်ရှိသည်ကို စာဖတ်သူမိတ် ဆွေအပေါင်းသိရှိကြပြီး ဖြစ်ပေမည်။ ပရဟိတဘုန်းတော် ကြီးကျောင်း၌(ကျောင်းတွင်နေရာချထားပေးမှုကြောင့်) နေရေးနှင့် စားရေးအတွက်အဆင်ပြေသည်။အခြေခံ လူတန်းစား သား/သမီးများဖြစ်၍ ကျနော်လည်းပီတိဖြစ် ရသကဲ့သို့ ကျောင်းသား/ ကျောင်းသူများကလည်း စိတ်ဝင်တစားသင်ယူကြသည်။ ယခုရက်ပိုင်း စစ်တွေမြို့တွင်အအေးပိုလာသဖြင့် မနက် ပိုင်းနေပူစာလှုံနေစဥ် ရေခဲထုပ်သည် တယောက်က ခလေးငယ် ၂ယောက် (အသက်၄နှစ်ယောကျ်ားလေးနှင့် ၃နှစ်အရွယ်မိန်းကလေး) နှင့်အတူ ရေခဲထုပ်ရောင်းနေသည်ကိုတွေ့ရ၍ ပရဟိတစေတနာဖြင့် စနည်းနာမိရာ၊ ကလေး ၂ဦး၏မိခင်မှာ သမီးကလေးမွေးပြီး အဆုတ်အအေးမိ၍ ကွယ်လွန်သွားသဖြင့် ယခုကဲ့သို့ ရေခဲထုတ်ရောင်းချိန်တွင် အတူတကွ ခေါ်လာရခြင်းဖြစ်သည်” ဟုဆိုသည်။
“ ကျနော်က ဆက်မေးသဖြင့်သူက မနက်စာကို ရေခဲထုပ်ရောင်းစဥ် သနားကြင်နာတတ်သည့် လူနှင့်တွေ့လျှင် ကလေးငယ်များ ထမင်းစားရကြောင်း၊ သူကတော့ညနေဈေးဝယ်ပြီးအိမ်ပြန်ရောက်မှ သားအမိ/သားအဖများ ညနေစာကို စားကြကြောင်း၊ မနက်စာကိုပေးကမ်းမည့်သူမရှိပါက သူရို့မောင်နှမ ၂ယောက်ကို မုန့်ဝယ်ကျွေးကြောင်း ပြောပြရာ၊ ကျနော်က သံဃာတော်များ ဆွမ်းဘုန်းပေးပြီးလျှင် သူတို့ကိုထမင်းကျွေးမည်။ စောင့်ရန်ပြောပြီး (ကလေး၂ဦး) အပါအဝင်သူ့ကိုပါ ဘုန်းတော်ကြီးကျောင်းမှဆွမ်းကျန်ကိုကျွေးလိုက်ရာ ကျနော်ကဝမ်းသာပီတိ ဖြစ်ရမည့်အစား ယနေ့ အချိန်တွင် ထိုကဲ့သို့ထမင်းနပ်မမှန်သူအများအပြားရှိနေသည်ကိုသိရှိသဖြင့် ယခုပို့စ်တင်သည့် အချိန်အထိ ရင်နင့်စွာခံစားနေရသည်ကို ညီနောင်ရခိုင်များသိရှိစေရန် အသိပေးနိုးဆော်အပ်ပါသည်။” ဟု ရေးသားထားသည်။
ယခုကဲ့သို့ စစ်ကောင်စီသည် ဖြတ်လေးဖြတ် လမ်းစဉ်ဖြင့် ရခိုင်ပြည်တွင် လမ်းပိတ်ထားမှုသည် အလွန်တစ်ရာ ယုတ်ညံ့သည့်
" ရခိုင်ပြည်အတွင်းမှာပြည်မနဲ့ ဆက်
ယခုလုပ်ရပ်ကြောင့် စစ်ကောင်စီမျှော်လင့်သလို ဖြစ်မလာဘဲ ရခိုင်လူမျိုးများက ပိုပြီး နာကျည်းမှုများ လာမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြည်
ရခိုင်လူမှုအဖွဲ့အစည်းများ၊ ငွေကြေးတတ်နိုင်သူများ အနေဖြင့်လည်း
မြို့တိုင်းရွာတိုင်းတွင် အမှန်တကယ် ဒုက္ခရောက်နေကြသူများအား စာရင်းများကောက်ယူကာ ဝိုင်းဝန်း
ဖြေရှင်း ပေးသင့်ကြောင်း ၎င်းက တိုက်တွန်း ပြောကြားသွားခဲ့သည်။ (NN-11) (ဓာတ်ပုံ- ပုံဟောင်းသာဖြစ်ပါသည်)