- Web Master
- ၁၇ အောက်တိုဘာ ၂၀၂၄
သဉ္ဇာနွယ်
ရခိုင်တွင် စစ်ကောင်စီမှပစ်ခတ်လိုက်သည့်
လက်နက်ကြီးကျည်ထိမှန်၍ မြို့နယ်
(၂) ခု၌ အရပ်သား
၅ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိသွားကြောင်သတင်းရရှိ
မင်းပြားမြို၊ ဈေးဟောင်းပိုင်းရပ်ကွက်ကို
ပြီးခဲ့သည့် မတ်
၁၂ ရက်နေ့ နံနက် ၁၁နာရီခန့်က
စစ် ကောင်စီမှ ဗုံးလာကြဲခဲ့သဖြင့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦးသေဆုံးခဲ့ရသည်ဟု
မင်းပြားမြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။
" မြို့သိမ်းထားပြီဆိုတော့
မြို့ကို ကိုယ့်ဖက်က
အချိန်နဲ့ ဝင်ခွင့်ပေးတယ်။ ကိုယ့်အိမ်အခြေနေ ဝင်ကြည့်ကြတာပေါ့နော်။
သန့်ရှင်းရေးတွေဘာတွေလုပ်ကြတာ။ အဲ့ဒီအချိန်မှာ ဗုံးချသွားတာ ။ ယောက်ျား လေး ၁ ယောက်နဲ့
မိန်းမကြီး ၂ ယောက် ပွဲချင်းပြီးသေသွားပါတယ် " ဟုပြောသည်။
အလားတူ မတ် လ ၈ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊
တန်းစွယ်ကျေးရွာတွင်လည်း
စစ်ကောင်စီ၏ ပါဒလိတ်တပ်ရင်းမှ
ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့်
အမျိုးသား ၁ ဦးနှင့်
အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦးဒဏ်ရာရရှိသွား
သည်ဟုပုဏ္ဏားကျွန်း လူငယ်များအစည်းအရုံး ( PYA ) က နိရဉ္စရာသတင်းဌာနကိုပြောသည်။
" သူတို့က
ပေါက်တောမှာစစ်ရှောင်နေတာ။ ရွာမှာအေးချမ်းပြီဆိုပြီး ပြန်လာကြတာပါ။
ကုလားတန် မြစ်က နေ တန်းစွယ်ချောင်း
ဆိပ်ကမ်းမှာ စက်လှေတွေကပ်တယ်လေ။ ဆိပ်ကမ်းကိုအတက်မှာ လက်နက်ကျသွားတာ။ စက်လှေမောင်းသူအပါအဝင် အမျိုးသမီး ၂
ယောက်သေတယ်။ ၂ ယောက်က
ဒဏ်ရာရတယ်"
ဟုပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီး၊
လက်နက်ငယ်ပစ်ခတ်မှုကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ အရပ်သား ၁၁၁ ဦးသေဆုံးပြီး၊ ၃၅၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း
ရက္ခိုင့်တပ်တော် AA က
ပြီးခဲ့သည့် မတ်လ ၄
ရက်နေ့က ပြုလုပ်သည့်
သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။