- Web Master
- ၁၇ အောက်တိုဘာ ၂၀၂၄
လူထက်နိုင်(ဒွာရာမြီ)/နိရဉ္စရာ၊ မတ် ၁၆/၂၀၂၄
ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား ပဋိပက္ခများ ပိုမိုပြင်းထန်လာသောကြောင့် လူ ၃၀၀,၀၀၀ ကျော် နေရပ်စွန့်ခွါထွက်ပြေးနေကြရပြီး လိုအပ်ချက်များလည်း တိုးပွားလာ နေကြောင်း United Nations OCHA Myanmar မှထုတ်ပြန်ထားသည်။
UN OCHA က မတ်လ ၁၄ ရက်နေ့ ၌ အာရှနှင့်ပစိဖိတ်ဒေသ- အပတ်စဉ် လူသားချင်း စာနာမှုဆိုင်ရာအခြေ
၎င်းထုတ်ပြန်ချက် အကျဉ်းချုပ်မှာ မတ်လ ၅ရက်နေ ၁၁ရက်နေ့အထိဖြစ်သည်ဟု သိရသည်။
“ရခိုင်ပြည်နယ်မှာ ဆိုးရွားလာတဲ့အခြေအနေ၊ ကချင်ပြည်နယ်က ပဋိပက္ခသွင်ပြင်အသစ်နဲ့အတူ နိုင်ငံအနှံ့အပြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ကြား ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာကြောင့် လူ ၃၀၀,၀၀၀ ကျော် နေရပ် စွန့်ခွာ ထွက်ပြေးနေကြရပြီး လိုအပ်ချက်တွေလည်း တိုးပွားလာနေပါတယ်” ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင် လိုအပ်ချက်များနှင့် သွားလာခွင့်ကန့်သတ်ချက်များတိုး
UNOCHA ၏ ထုတ်ပြန်ချက်အထဲတွင် “မတ်လ (၉) ရက်နေ့မှာ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေရှိ လူနေရပ်ကွက်တစ်ခုအတွင်းကို လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် ရိုဟင်ဂျာ ၈ ဦးထက်မနည်းသေဆုံးပြီး ကလေးသူငယ် ၅ ဦး အပါအဝင် ၁၂ ဦး
ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါဟာ စစ်တွေမြို့လယ်အတွင်းမှာ လက်နက်ကြီး
ကျည်ကျရောက်မှုကြောင့်
ဓာတ်ပုံ- ပုံဟောင်းသာ