- Web Master
- ၁၇ အောက်တိုဘာ ၂၀၂၄
(စစ်ကောင်စီ၏ မတရားဖမ်းဆီး၊ ထိန်းသိမ်းခြင်းခံထားရသူ ၄၇၁ ဦးအထိ ရှိ)
အေးမြတ်ခိုင်/ နိရဥ္စရာ၊ ဧပြီ ၆/၂၀၂၄
စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရခိုင်တွင်
၂၀၂၃
ခုနှစ်၊
နိုဝင်ဘာလ
၁၃
ရက်မှ
ယခုနှစ်
မတ်လ
၂၁
ရက်အထိ
၄
လကျော်ကာလအတွင်း
အရပ်သားသေဆုံးဒဏ်ရာရရှိသူစုစု
ထို ၄ လကျော်ကာလအတွင်း သေဆုံးခဲ့ရသူမှာ ၁၇၉ ဦးရှိပြီး ထိုအထဲတွင် (အမျိုးသား ၁၁၅ ဦး၊ အမျိုးသမီး ၆၄ ဦတို့ ဖြစ်ကြသည်။
ထိခိုက်ဒဏ်ရာရရှိသူမှာ ၄၆၈ ဦးရှိပြီး (အမျိုးသမီး ၁၉၈ ဦး၊ အမျိုးသား ၂၇၀ ဦး)တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သေဆုံး ထိခိုက်ဒဏ်ရာရသူများမှာ တိုက်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားများနေထိုင်သော ရပ်ကွက် ကျေးရွာများကို စစ်ကောင်စီမှ ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဖြစ်သည်ဟု သိရသည်။
ထို့အပြင် ရခိုင်တွင် စစ်ကောင်စီ၏ မတရားဖမ်းဆီး၊ ထိန်းသိမ်းခြင်းခံထားရသူ ၄၇၁ ဦးအထိ ရှိပြီး ယင်းအထဲတွင် ကျား ၄၂၄ ဦးနှင့် မ ၄၇ ဦး ပါဝင်ကြောင်း HDCO က ဖော်ပြထားသည်။
ယင်းအပြင်၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ တိုက်ပွဲကာလအတွင်း စစ်ဘေးဒုက္ခသည် ၆၂,၃၃၂ ဦးခန့်ရှိပြီး ယခု တစ်ကျော့ပြန်တိုက်ပွဲအတွင်း ၂၉၅,၈၆၈ ဦးတိုးလာသည့်အတွက် ရခိုင်တွင် လက်ရှိစစ်ရှောင် ဒုက္ခသည်ဦးရေ ၃၅၈,၂၀၀ ဦးအထိရှိလာသည်ဟု ဖော်ပြထားသည်။
ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်ရှိ မြို့ နယ် ၁၇ ခုအနက် ၁၅ မြို့နယ်မှ ဒေသခံအရပ်သားပြည်သူများသည် နေရပ်မပြန်နိုင်သေးဘဲ နီးစပ်ရာဆွေမျိုးအိမ်များနှင့် ဘေးလွတ်ရာနေရာများတွင် တိမ်းရှောင်နေကြရဆဲဖြစ်ပြီး စားဝတ်နေရေး အခက်အခဲရှိနေသည်ဟု စစ်ဘေးရှောင်များမှ ပြောသည်။
မြောက်ဦးမြို့မှ
အမျိုးသမီးတစ်ဦးက"ငတ်တစ်လှည့်
ပြတ်တစ်လှည့်ပါပဲ။
အိမ်မှာကျန်ခဲ့တဲ့
ပစ္စည်းတွေကလည်း
မျှော်လင့်လို့မရတော့ဘူးလေ။
လက်ရှိမှာလည်း
စားသောက်နေထိုင်ဖို့အခက်အခဲ
နဲ့
အကူအညီထောက်ပံ့မှုလည်း
မရကြပါဘူး။
ပိုဆိုးတာက
ဘယ်အချိန်ဗုံးလာကြဲမလဲဆိုတဲ့စိ
စစ်ဘေးဒုက္ခသည်များတွင် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အထောက်အကူပစ္စည်းများ၊ အမိုးအကာ၊ ပြန်လည်တည်ဆောက်ရေး၊ အသက်မွေးကျောင်းဆိုင်ရာ အကူအညီများနှင့် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ရန် အရေးပေါ်လိုအပ်နေကြောင်း HDCO မှ ထုတ်ပြန်သည်။