- Web Master
- ၁၇ အောက်တိုဘာ ၂၀၂၄
သဉ္ဇာနွယ်/ နိရဉ္စရာ၊ မေ ၁၂/၂၀၂၄
ရခိုင်ပြည်နှင့် ဗမာပြည်မအကြား
ရိုးမကို ဖြတ်သန်း ဖောက်လုပ်ထားသည့် လမ်းမကြီး ၃ခုကို စစ်ကောင်စီမှ
ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီပိတ်ထားသည့် အမ်း-ပဒါန်း-မင်းဘူးကားလမ်းကို
ယမန်နေ့က ပြန်ဖွင့်လိုက်ပြီး အမ်းမြို့ပေါ်သို့ ကုန်ကားနှင့်
အံစာတုံးဟုခေါ်သည့် လူစီးကားများလည်း ဝင်ရောက်လျက်ရှိသည်ဟု
အမ်းမြို့မှအမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။
" ကားသမားတွေကလည်း စစ်ကောင်စီနဲ့ ပေါင်းပြီး သွားလာကြတာ။ မနေ့ကလည်း ကုန်ကား ၆ စီးတွေဝင်တယ်။ စားနပ်ရိက္ခာပါတယ်။ဒီနေ့တောင်
ကုန်ကားတွေထပ်လာနေတယ်ကြားတယ်။ သွားလာခွင့်ကို မြို့နယ်အုပ်ချုပ်ထုတ်ပြန်ထားတာ
အမ်း-ပဒါန်း-မင်းဘူးလမ်းကို
ပြန်လည် အသုံးပြုခွင့်ပြုလိုက်ကြောင်းကို
ဂွ-ငသိုင်းချောင်းလမ်းကိုလည်း
ယမန်နေ့ ၁၁ရက်နေ့ကနေ တရားဝင်ဖြတ်သန်းခွင့်ပြုလိုက်ပြီ
" အရင်တုန်းကပိတ်ထားပေမယ့်
မှောင်ခိုသွားကြတာ။
တစ်ယောက်ကို တစ်သိန်း ကျော်ပေးရတယ်။ အခု ၃သောင်းခွဲ ။
ကားသမားတွေက သတ်မှတ်တဲ့ဈေးပါ သူတို့အစည်းအဝေးလုပ်ကြတယ်။
ကုန်ကားဆိုရင်ကုန်ကားအလျာက်ဈေး။
တောင်ကုတ်-ပြည်
လမ်းကို စစ်ကောင်စီမှတရားဝင် သွားလာခွင့် မပြုသေးသော်လည်း စစ်ကောင်စီ မယကမှ
ထောက်ခံစာဖြင့်သွားလာခွင့်ပြုထာ
" ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်စပြီး ပိတ်ထားတာမှန်တယ်။ ဒါပေမယ့် စစ်ကောင်စီလမ်းကြောင်းကနေ သွားလာတာတွေတော့ရှိတယ်။
တရားဝင်မဟုတ်ပေမယ့် မြို့နယ်အုပ်မှူးလက်မှတ်နဲ့ စစ်ကောင်စီ
ဗိုလ်မှူးလက်မှတ်ပါရင်
သွားလာခွင့်ရှိတယ်။ မနေ့ကတော့ အဲ့ဒီလက်မှတ်ပါတဲ့ လူတွေတောင် ပြ
စစ်ကောင်စီသည် ရခိုင်နှင့်ပြည်မကို
ဆက်သွယ်ထားသည့်လ ဂွ- ငသိုင်းချောင်းလမ်း၊ တောင်ကုတ်- ပန်းတောင်း (ပြည်)
ကားလမ်း၊ အမ်းနှင့် မင်းဘူးကားလမ်းများကို ရခိုင်တွင်တကျော့ပြန်
တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၁၃ရက်ကနေ စတင်ပိတ်ထားခဲ့သည်။
လက်ရှိတွင်
စစ်ကောင်စီသည် အမ်းမြို့နှင့် စစ်တွေအကြားရှိ ပြည်ထောင်စု
ကားလမ်းကိုလည်း ပိတ်ထားဆဲဖြစ်ကြောင်းသိရသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)