- Web Master
- ၁၇ အောက်တိုဘာ ၂၀၂၄
ရခိုင်ပြည်နယ်အပါအ၀င် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် မေလ ၁၅ ရက်မှ ၂၁ ရက်အထိ စစ်တပ် က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
တစ်ပတ်အတွင်း (မေလ ၁၅ ရက်မှ ၂၁ ရက်အထိ) စစ်အာဏာရှင်တပ်သားများ (စစ်တပ်)၏လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်ခဲ့မှုများကြောင့် အသက်မပြည့်သေးသူ ၈ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့သည်။ စစ်အာဏာရှင်အစိုးရ၏ မြေမြှုပ်မိုင်းကြောင့် အရပ်သားတစ်ဦးလည်း သေဆုံးခဲ့သည်။
၂၀၂၄ ခုနှစ် မေလ ၁၅ ရက်မှ ၂၁ ရက်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်ပြီးလူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)ND -Burma ကမေလ ၂၃ ရက်ကထုတ်ပြန်သည့်မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေအစီရင်ခံစာ အထက်ပါအတိုင်းထည့်သွင်း တွင်ဖော်ပြထားသည်။
မကွေးတိုင်း ဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ အမျိုးသား ၂၀၀ ကျော်ကို စစ်မှုထမ်း(အပတ်စဥ် ၂)အတွက် အဓမ္မဖမ်းဆီးခြင်း၊ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့ကြောင်း၊
စစ်အာဏာရှင် တပ်ဖွဲ့ဝင်များနှင့် ၄င်းတို့လက်အောက်တွင်အလုပ်လုပ်နေကြသည့် ဝန်ထမ်းများသည် ဧရာဝတီတိုင်းဒေသကြီးတွင် ခရီးသွားယာဥ်များနှင့်လူများထံမှငွေကြေးတောင်းခံခြင်းနှင့် NRC ကတ် (နိုင်ငံသား မှတ်ပုံတင်ကတ်)ပြုလုပ်ရာတွင်ငွေကြေးတောင်းခံခြင်း များပြုလုပ်လျက်ရှိနေကြောင်းဖော်ပြထားသည်။
Source/ND -Burma