- Web Master
- ၁၇ အောက်တိုဘာ ၂၀၂၄
အိမ်စိုးဖြူ၊
နိရဉ္စရာ၊
မေ ၂၆/ ၂ဝ၂၄
ရခိုင်တွင်စစ်ကောင်စီက မြို့နယ်
(၇)ခုတွင်သာ ကျောင်းဖွင့်ခဲ့ပြီး ကျောင်းအပ်နှံသူ ယနေ့ မေလ ၂၆ ရက်နေ့အထိ
၃၈၀၀၀ ကျော်သာ
ရှိသေးကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
တနိုင်ငံလုံးတွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်
မေလ
၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိကို စစ်ကောင်စီက ကြေညာထားသည်။
ရခိုင်မှ
ကျောက်ဖြူ၊ တောင်ကုတ်၊
မာန်အောင်၊ သံတွဲ၊ အမ်း၊ ဂွနှင့် စစ်တွေမြို့နယ်စသည့် မြို့နယ်(၇)ခုတွင်
ကျောင်းသား ၃၈,ဝဝဝ
ကျော်ကျောင်းအပ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က
နိရဉ္စရာအားပြောသည်။
“လျာထားတာတော့မရှိဘူး။
ဝင်လာတာကိုလက်ခံတာပဲပေါ့။ လောလောဆယ် ခုနှစ်မြို့နယ်မှာ သုံးသောင်းကျော်လောက်ပေါ့”
ဟုပြောသည်။
ကျန်နေသည့်
မြို့နယ်များတွင် ကျောင်းများဖွင့်လှစ်နိုင်မည်
“ အဲဒါတွေက
လုပ်ဖို့အစီစဉ်က လောလောဆယ်မရှိသေးဘူး။ ကျောင်းလည်းမဖွင့်ဘူးဆိုတော့ သူတို့ကို
ဘယ်လိုလုပ်ရမလဲမသိဘူး” ဟုပြောသည်။
လွန်ခဲ့သည့် ၂ဝ၁၉
ခုနှစ်တိုက်ပွဲများမှစ၍ ရခိုင်မြောက်ပိုင်းမြို့နယ်များ
ရခိုင်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း
၃,ဝဝဝ ကျော်ရှိပြီး
လက်ရှိတွင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊
ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရမ်းဗြဲ၊
မြေပုံနှင့်ပေါက်တောမြို့နယ်တို့
ရခိုင်တွင် ယခင်
၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၃ ခုနှစ်တို့အတွင်း ကျောင်းသား၊ ကျောင်းသူ ဦးရေ သုံးသိန်းမှ
ငါးသိန်းကျော်အထိ ကျောင်းအပ်ခဲ့ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၏
စာရင်းများအရသိရသည်။
ပုံ-
ယခင် စစ်တွေမြို့ပေါ်ရှိ အခြေပညာအထက်တန်းကျောင်းပုံဖြစ်