သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

တောင်ကုတ်တွင် သစ်တင်ကားတစ်စီးတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.6k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၉ / ၂၀၂၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် သစ်တင်ဆောင်လာသော ကားတစ်စီးတိမ်းမှောက်၍ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ အသက် ၅၇ နှစ်အရွယ် ဦးစန်းမြင့်အောင်နှင့် ဦးသိန်းရွှေ၊ အသက် ၅၆ နှစ်အရွယ် ဦးအောင်လင်းတို့ဖြစ်ပြီး ဒဏ်ရာရသူများမှာ အသက် ၃၄ နှစ်အရွယ် ကိုမောင်စိန်နှင့် အသက် ၂၄ နှစ်အရွယ် ကိုမောင်ခိုင်လင်းတို့ဖြစ်ကြောင်း သိရသည်။
၄င်းတို့သည် ရိုးတောင်ဘက်မှ သစ်တင်ကားဖြင့်ဆင်းလာစဥ် ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက် ည ၈ နာရီခန့်က လမူးတိုက်နယ်ရှိ ငှက်ပျောတောကျေးရွာဘုန်းကြီးကျောင်းဘေးတွင်ရှိသော သဲပုံကို ရှောင်တိမ်းရာမှ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု လက်ပံတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းတင်က နိရဥ္စရာကိုပြောသည်။
“သူတို့က ရိုးပေါ်ကဆင်းလာတာ။ ငှက်ပျောတောရွာအနားရောက်တော့ သဲပုံကိုရှောင်ရင်း အမှိုက်ထားတဲ့နေရာကို မြေနေရာမာတယ်ထင်ပြီး ကားရပ်လိုက်တာ အဲ့မှာ စောင်းပြီးမှောက်သွားတာ။ ၃ ယောက်ကတော့သေတယ်။ ၂ ယောက်ကတော့ ဆေးရုံပို့ထားတယ်။ ဒရိုင်ဘာကတော့ ဘာမှမဖြစ်သွားဘူး ”ဟုပြောသည်။
၄င်းတို့အားလုံးသည် တောင်ကုတ်မြို့နယ် မအီမြို့၊ လက်ပံကျေးရွာမှဖြစ်ပြီး ကားပေါ်တွင် သစ်တန်ချိန် ၄ တန်ပါရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ