သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကိုဗစ်ကြောင့်ပိတ်ထားခဲ့ရသည့် ရွှေပြည်တန်အမြန်ရေယာဉ်လိုင်း ယနေ့ ပြန်လည်ပြေးဆွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 2.2k


သျှင်မင်းဇံ
နိရဥ္စရာ၊ သြဂုတ် ၂၄ / ၂ဝ၂၁
ကိုဗစ်ကြောင့် ယာယီပိတ်ထားခဲ့ရသည့် ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းကို ယနေ့ ပြန်လည်ပြေးဆွဲနေပြီဟု သတင်းရရှိသည်။
စစ်တွေ-ပေါက်တော၊ စစေ်တွ-မင်းပြားနှင့် စစ်တွေ-မြောက်ဦးခရီးစဉ်များကို ယနေ့ သြဂုတ်လ ၂၄ ရက်နေ့ နံနက်မှစတင်ကာ ကိုဗစ်စည်းကမ်းနှင့် အညီပြေးဆွဲနေခြင်းဖြစ်သည်ဟု အဆိုပါရေယာဉ်လိုင်းမန်နေဂျာ ဦးစံမော်သိန်းက နိရဥ္စရာကိုပြောသည်။
" ကျနော်တို့က ဒီနေ့မှာ စပြီးတော့ ခရီးတိုတွေကို ပြေးဆွဲနေတာဖြစ်ပါတယ်။ ခရီးသည်တွေကို Mask တပ်ခိုင်းတယ်။ မပါရင် ဒီကပေးတယ်။ အပူချိန်တိုင်းတယ်။ နောက်ပြီးတော့ တစ်ခုံခြားစီ ထိုင်ခိုင်းထားပါတယ်" ဟု ပြောသည်။
လက်ရှိတွင် ရခိုင်၌ ကိုဗစ် ၁၉ ရောဂါကလည်း လျော့နည်းလာပြီဖြစ်သလို ကိုဗစ်ကာလအတွင်း အမှန်တကယ်သွားလာမည့်ခရီးသည်များ ကားခဈေးနှုန်းအများကြီး ပေးပြီးသွားနေရသည်ဟု ကြားမိသည့်အတွက် ယခုကဲသို့ ပြန်လည်ပြေးဆွဲနေရခြင်းဖြစ်သည်ဟု ဆိုသည်။
ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းအနေဖြင့် ပုံမှန်ပြေးဆွဲနေခဲ့သည့် စစ်တွေမှ ရသေ့တောင်၊ ဘူးသီးတောင်၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်နီမော်၊ တောင်ကုတ်နှင့် မာန်အောင်ခရီးစဉ်များကိုလည်း ယခုလကုန်တွင် ပုံမှန်အတိုင်း ပြေးဆွဲသွားမည်ဟု ဆိုသည်။
စစ်တွေမှ မင်းပြားကို သွားသည့် ခရီးသည် ကိုဦးမောင်အုန်းက "ကျနော်က မင်းပြားမှာ နေတာပါ။ အဒေါ်တစ်ယောက် ဆေးခန်းလာပြရင်း ကိုဗစ်ကြောင့် လမ်းတွေ ပိတ်ထားတော့ ပြန်ဖို့ အဆင်မပြေလို့ စစ်တွေမှာ တစ်ပတ်ကျော်လောက် ကြာသွားတယ်။ ရွှေပြည်တန်ကလည်း မထွက်ဘူးဆိုတော့ တစ်ဆင့်တည်းနဲ့ ရောက်မဲ့ခရီးကို နှစ်ဆင့် သုံးဆင့် သွားရမယ်။ အခုက ရွှေပြည်တန်လည်း စဖွင့်ပြီဆိုတော့ သွားရေးလာရေး အဆင်ပြေသွားတာပေါ့" ဟု ပြောသည်။
ရခိုင်ကမ်းရိုးတန်းတွင် ပြေးဆွဲနေသည့် ရေယာဉ်လိုင်းများဖြစ်ကြသော ရွှေပြည်တန်၊ ရွှေနဒီ၊ မင်းပြား အဥ္စနနဒီ၊ ကစ္ဆပနဒီနှင့် မလိခ စသည့်ရေယာဉ်လိုင်းများသည် ကိုဗစ်ကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၂ဝ ရက်နေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ ရပ်တန့်ထားခဲ့ရခြင်းဖြစ်သည်။
ရပ်နားရာတွင်ပါဝင်ခဲ့သည့် ကစ္ဆပနဒီအမြန်ရေယာဉ်မှာ သြဂုတ်လ ၁၁ ရက်နေ့မှစတင်ကာ စစ်တွေ-မြေပုံ-ကျောက်ဖြူခရီးစဉ်များကို အပတ်စဉ်သောကြောနေ့တွင် ပုံမှန်ပြေးဆွဲနေပြီဖြစ်ပြီး ကျန်ရေယာဉ်လိုင်းများမှာ ယနေ့ထိ ရပ်နားထားရဆဲဲဖြစ်သည်။

ဆက်စပ် သတင်းများ