- Web Master
- ၂၇ သြဂုတ် ၂၀၂၄
သာလီစွသွေးလှူရှင်အသင်း ယာဉ်မောင်းဦးမိုးဝေကို သံတွဲထောင်ချုပ်သို့
ရွှေ့ပြောင်း
စစ်ကောင်စီကဖမ်းဆီးခဲ့သည့် သံတွဲမြို့နယ်ရှိ နတ်တောင်မော်ရွာမှ ရာအိမ်မှူးတစ်ဦးနှင့်
အမျိုးသမီး ၂ ဦးသည် ပြန်လည်လွတ်မြောက်လာသည်ဟု
ဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရပြီးနောက် လွတ်မြောက်လာသူများမှာ သံတွဲမြို့နယ်၊
နတ်တောင်မော်ရွာမှ ရာအိမ်မှူးဖြစ်သူ
ဦးဇော်နိုင်
(၃၉) နှစ်၊ ဒေါ်ရီရီခင်(၃၆)နှစ်နှင့် သမီးဖြစ်သူ အသက် ၂၀ နှစ်အရွယ် မရွှေရီဝင်းတို့ဖြစ်ကြသည်။
သူတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်၊
နေ့လယ်ပိုင်းတွင် လွတ်မြောက်လာခြင်း ဖြစ်သည်ဟု သိရသည်။
ဒေသခံတစ်ဦးက " ဒီဇင်ဘာ ၂ ရက်နေ့ နေ့လယ်ပိုင်းက
လွတ်တာပါ။ ရာအိမ်မှူးရော သုံးယောက်လုံးပေါ့။
ဘာတွေစစ်ဆေးလဲတော့ တိတိကျကျမသိရဘူး။ နှိပ်စက်တာလည်း မရှိပါဘူး ” ဟု ပြောသည်။
၎င်းတို့ကို
ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့
ည ၉ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ ၂၀
ခန့်က တေဘာကား ၂ စီးဖြင့် နေအိမ်မှတဆင့်
ငပလီမြို့ အမှတ် (၅၅) ခြေမြန်တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး
၄ ရက်အကြာတွင် ပြန်လည်လွှတ်ပေးခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သားများသည်
ယင်းနေ့ညက ရာအိမ်မှူးဖြစ်သူ ဦးဇော်နိုင်ကို လမ်းပြခိုင်းပြီး ဦးမျိုးဝင်းဆို
ထို့အတူ
ယင်းနေ့ နေ့လယ်ပိုင်းတွင်း သံတွဲမြို့၊
ဒွါရာဝတီ အမှတ် (၈)ရပ်ကွက်၊ မင်းဗာကြီးလမ်းရှိ သာလီစွသွေးအလှူရှင်အသင်းမှ
ယာဉ်မောင်းတစ်ဦးဖြစ်သူ အသက် ၄၆ နှစ်အရွယ် ဦးမိုးဝေကိုလည်း
စစ်ကောင်စီတပ်က ၎င်းရုံးသို့လာရောက် ဖမ်းဆီးသွားပြီး လက်ရှိတွင် သံတွဲထောင်ချုပ်သို့
ရွှေ့ပြောင်းလိုက်ကြောင်း သိရသည်။
ဦးမိုးဝေသည်
လက်ရှိအချိန်ထိ လွတ်မြောက်လာခြင်းမရှိသေးဟု သိရသည်။
သံတွဲမြို့တွင်
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်၊
နေ့လယ်ပိုင်းကလည်း ရခိုင်တေးရေးဆရာ လူငြိမ်းခိုင်ကို စစ်ကောင်စီတပ်က သံတွဲမြို့၊
အံတော်ရပ်ကွက် (၃) လမ်းရှိ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။
အလားတူ
နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တို့ကလည်း
မြို့ပေါ်မှ လက်ဘက်ရည် ဆိုင်ပိုင်ရှင်နှင့် အဖျော်ဆရာဝန်ထမ်းတစ်ဦး၊
မြို့မအလယ်တန်းကျောင်းမှ ကျောင်းစောင့် တစ်ဦး၊ GTI ကျောင်းဆရာတစ်ဦးနှင့်
နောက်ထပ် အမျိုးသားနှစ်ဦး၊ စုစုပေါင်း ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်။ (NN-13)