- Web Master
- ၂၁ ဖေဖော်ဝါရီ ၂၀၂၃
အောင်ဇံ
နိရဉ္စရာ၊ သြဂုတ် ၂/၂၀၂၁
ရခိုင်တွင် နေထိုင်ကြသော ပြည်သူလူထုအနေဖြင့် ဖြစ်ပွားသော အမှုအခင်းများကို တိုင်ကြားကြားနိုင်ကြောင်း ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်(ULA) က ယမန့်နေ့ သြဂုတ် ၁ရက်နေ့က ထုတ်ပြန် ကြေညာသည်။
တိုင်ကြားနိုင်သည့် အမှုများအထဲတွင် မတရားခံရမှု၊ အကြမ်းဖက်မှု၊ မြေယာပြဿနာ အမှုအခင်းများ အပါအဝင် တရားဥပဒေအဆုံးအဖြတ်ကို ခံယူရမည့် အမှုအခင်းများ အားလုံးကို ULA ၏ တရားရေးဌာနသို့ တိုင်ကြားနိုင်ကြောင်း ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုင်ကြားမှုများကို အီးမေးလ် ၊တယ်လီဂရမ်၊VK လိပ်စာများမှတဆင့် တိုင်ကြားသူ၏ ဆက်သွယ်ရန်နေရပ်လိပ်စာများ၊ အခင်ဖြစ်ပွားသည့် ဖြစ်စဥ်အသေးစိပ် များဖြင့် ကျူးလွန်ခံရသူ၏ ဆွေမျိုး သို့မဟုတ် မျက်မြင်သက်သေ တစ်ဦးဦးက တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။
တိုင်ကြားရမည့် လိပ်စာများမှာ အီးမေးလ်တွင် [email protected] ၊တယ်လီဂရမ်တွင်
https://t.me//JusticeforArakan
နှင့် VK တွင်https://vk.com//
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် နယ်မြေစိုးမိုးသော ဒေသများ တရားစီရင်းဌာနများ ဖွင့်လှစ်၍ ရာဇဝတ်မှု ခင်းများကို အရေးယူစီရင်နေမှုများ ရှိကြောင်း မြေပြင်သတင်းများ အရ သိရသည်။
အဆိုပါကြေညာချက်နှင့် ပတ်သက်ပြီး လက်ရှိ အိမ်စောင့်အစိုးရ၏ တုံ့ပြန်သဘောထားကို မေးမြန်းဆက်သွယ်၍ မရရှိသေးသဖြင့် လက်တလောတွင် တင်ပြနိုင်ခြင်း မရှိသေးပါ။