(၁)
ကျနော်ဟာ
- ၂၀၂၀ - ခု၊ အောက်တိုဘာလထုတ်၊ သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ(၇) အမှတ်(၆)မှာ (၈၁)
နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အမှတ်တရ အနေဖြင့် ( အာရှရဲ့နေဝန်းနီ ဆရာတော်ဦးဥတ္တမ၊
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် ရခိုင်၊ မြန်မာပဏ္ဍိတ် - ဆရာကြီး ဦးဦးသာထွန်း)
ဆိုတဲ့ခေါင်းစီးနှင့် စာတစ်ပုဒ် ရေးဖြစ်ခဲ့ဖူးပါတယ်။အခု ဒီစာကိုဖြည့်စွက်ရေးရတာပါ။
ထိုစာအတွင်
- မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းသည် - အမျိုးသားခေါင်းဆောင်၊
လွတ်လပ်ရေး ဖခင်တစ်ဦးဖြစ်သကဲ့သို့ - မြန်မာနှင့် အာရှတိုက်သားများ
နိုးကြားအောင်စတင် မျိုးစေ့ချပေးခဲ့သော - ဆရာတော်ဦးဥတ္တမကျေးဇူးကို ( မဖုံးကွယ်၊
မဖြယ်ဖျက်သင့်ကြောင်း) အလားတူ ရခိုင်သူ/သားများ အတွက် ရခိုင်မြန်မာ ပဏ္ဍိတ် - ဆရာကြီးဦးဦးသာထွန်း၏ဘဝပေးဆောက်ရွက်မှုများကို
ဂုဏ်ပြုမှတ်တမ်းတင်သင့်ကြောင်း ရေးသားနိုးဆော်ခဲ့ပါသည်။ အခုတဖန်- ထပ်ရေးရသည်က
ဆရာတော်ဦးဉတ္တမရဲ့ ထေရုပ္ပတ္တိကို ကျနော် - ရေးသားရန် မရည်ရွယ်ပါ။
ကျနော်လက်လှမ်းမှီသလောက် - (ဦးနု) အစိုးရလက်ထက် - စာပေဗိမ္မာန်မှ ထုတ်ဝေသော (ဆရာတော်-
ဦးဉတ္တမ ထေရုပ္ပတ္တိစာအုပ်) ယခုနောက်ပိုင်း -
ဆရာတော်ဦးဉတ္တမနှင့်ပတ်သက်လို့(အသျှင်ဣန္ဒဝံသ(ကိန်းသာ) ရေးသားပုံနှိပ်ထုတ်ဝေတဲ့
အာရှတိုက်ရဲ့ မီးရှုးတန်ဆောင်- အသျှင်ဥတ္တမ - စာအုပ်၊ ဘိက္ခုဦးဥတ္တမ၏
အဘိဓမ္မာ(မြန်မာ- အင်္ဂလိပ်)ပ + ဒု၊ စာအုပ်၊ ရဟန်းတော် - ဦးဉတ္တမ၏ ဥရောပ၊
အာရှကမ္ဘာလှည့် ခရီးစဉ်စာအုပ်၊ ဦးဥတ္တမ၏ နိုင်ငံရေးအမှုကောက်ကြောင်းစာအုပ်၊
ဦးဥတ္တမအတွက်- ဒိုင်ယာရီစာအုပ်၊ ဦးဥတ္တမနှင့်တရုတ်ပြည်စာအုပ် ဦးဥတ္တမနှင့်
အိန္ဒိယပြည်စာအုပ် တို့တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။ ကျနော့်အနေနဲ့ ဒီစာမှာ….
ကျနော် ပေးထားတဲ့ …. ခေါင်းစီး ( အာရှတိုက်ရဲ့နေဝန်းနီ၊
မြန့်မာ့လွတ်လပ်ရေး(အဘိုးရှင် ဆရာတော်ဦးဥတ္တမ ) နှင့်ဆက်စပ်တဲ့ -
အကြောင်းအရာ(ကိုယ်တွေ့)အချို့ကိုဘဲအတိုဆုံး၊အကျဉ်းဆုံးတင်ပြသွားမှာဖြစ်ပါတယ်။
ဒီကနေ့ထိနယ်ချဲ့ဆန့်ကျင်ရေးသမိုင်းမှာနယ်ချဲ့အစိုးရဘုရင်ခံကို၊(ဟေ့….ကရက်ဒေါက်၊
မင်းငါတို့နိုင်ငံက အခု ထွက်သွား) လို့ ပြောရဲတာ၊ ထောင်ကျခံတိုက်ပွဲဝင်ခဲ့တာ၊
ဦးဥတ္တမ ဆိုတာလူတိုင်းသိ။
(
၃ )
ဒီကနေ့
လူငယ်များအနေဖြင့်ဆရာတော်ဦးဥတ္တမကိုမြန်မာ့လွတ်လပ်ရေးအတွက်လမ်းပြရှေ့ဆောင်ခဲ့တဲ့ -
ဆရာတော်တစ်ပါးအဖြစ် နားလည်ကြမှာ မလွဲပါ။ အမှန်က - ဆရာတော် ဦးဥတ္တမဟာ မြန်မာနိုင်ငံသာမက
အာရှတိုက်နိုင်ငံများ လွတ်မြောက်ရေးနှင့် ညီညွတ်ရေး အတွက်- မီးရှူးတန်ဆောင်သဖွယ်
ရှေ့ဆောင်လမ်းပြပြီး စာတွေရေး တိုက်ပွဲဝင်ခဲ့သည့် ပုဂ္ဂိုလ်ဆိုသည်ကို
အလေးထားမိသူတော့ရှိမှာမလွဲပါ။ ဒါ့ကြောင့် အိန္ဒိယ၊ ဂျပန်၊ ပြင်သစ်
စတဲ့နိုင်ငံတွေကအစ - အခုထက်ထိ ဆရာတော်ကိုအောက်မေ့ဂုဏ်ယူ သတိရဆဲဖြစ်နေကြတာပါ။
ဆရာတော်ဟာ.. မြန်မာ့လွတ်လပ်ရေး ကနဦး မျိုးစေ့ချခဲ့သူ၊ မြန့်မာ့လွတ်လပ်ရေး
ခေါင်းဆောင်တွေကို (လွတ်လပ်ရေး မျိုးစေ့ ချပေးခဲ့တဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။
သမိုင်းကိုပြောင်းပြန်ပြောရမယ်ဆိုရင် (၁၉၁၁) ခုနှစ်ကတည်းက စပြီး ဆရာတော်ဟာ ဗြိတိသျှနယ်ချဲ့ကို
အကြိမ်ကြိမ်ဆန့်ကျင်ပြီးမျိုးချစ်ခေါင်းဆောင်တွေကိုစုစည်းကာ၊ နည်းလမ်းမျိုးစုံနှင့်
လွတ်လပ်ရေးကို တောင်းဆိုခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ပြောရမယ်ဆိုယင်- ဒီကနေ့
မြန်မာပြည်သူတစ်ရပ်လုံးက (လွတ်လပ်ရေးဖခင်ကြီး၊
အမျိုးသားခေါင်းဆောင်ကြီးလို့သတ်မှတ်ထားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း) ဆိုတာ
ဦးဥတ္တမဆရာတော် နယ်ချဲ့ဆန့်ကျင်ရေးလုပ်နေတဲ့ည(၁၉၁၁)ခုမှာ- ဗိုလ်ချုပ်အောင်ဆန်းကို
မမွေးဖွားသေးပါဘူး။ ဦးဥတ္တမဆရာတော်ကို.. လွတ်လပ်ရေးဘိုးအေ ( ရခိုင်လို
လွတ်လပ်ရေးအဖိုးသျှင်) လို့ခေါ်ဝေါ်သမုတ်လို့ရတယ်ဆိုတာ ၊ သမိုင်း အထောက်အထားများစွာက
သက်သေခံနေပါတယ်။ သမိုင်းဆိုတာကို တမင်တကာဖျက်ဖြယ်လို့ မရစကောင်းပါ။
(၄)
ကုန်လွန်လေပြီးသော
( ၁၉၇၆/၇၇)ကာလက ကျနော်ဟာ (စစ်တွေကောလိပ်) ကျောင်းသားဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတော့မှ
ဦးဥတ္တမပန်းခြံ ၊ ဦးဥတ္တမခန်းမ၊ ဦးဥတ္တမရုပ်တု) စတာတွေကို
စတင်မြင်တွေ့ခဲ့ရဖူးပါတယ်။ အဲဒီမှာ… ဦးဥတ္တမပန်းခြံဆိုတာ၊
စိုစိုပြေပြေမရှိတဲ့အပြင်၊ ဦးဥတ္တမ၏ရုပ်တု၊ ဦးဥတ္တမ၏ခေါင်းပေါ်မှာ..
ငှက်ချေးဖြူတွေဗလပြစ် မြင်တွေ့ဖူးမြော်ရတော့တော်တော်ကြီး စိတ်ပျက်ခဲ့ရဖူးပါတယ်။
ထို့ထက် စိတ်ပျက်ဖွယ် အဖြစ်အပျက်ကတော့ .. ဦးဥတ္တမနေ့မို့ ဦးဥတ္တမရုပ်ကိုလာပြီး
(ပန်းစီးကိုင်ကာ) ကန်တော့ဘို့လာတဲ့ လူငယ်နှစ်ဦးကို.. ရဲက ဟန့်တားခံခဲ့ရဖူးတဲ့
အဖြစ်အပျက်အတွက်ပါ။ ထားလိုက်ကြဦးစို့ရဲ့။
၁၉၉၇-
ခုနှစ် - ရန်ကုန်တက္ကသိုလ်ကိုရောက်တော့ - ဟံသာဝတီအဝိုင်းမှာ ဆရာတော်ဦးဝိစာရ
ကိုယ်တော်ရဲ့ မတ်ရပ်ရုပ်ထုတော်ကို ဖူးတွေ့ရတော့စိတ်ထဲမှာ တစ်မျိုးကြီး ခံစားရပါတယ်။
ဆရာတော်- ဦးဝိစာရဆိုတဲ့ ပုဂ္ဂိုလ်ထူးကလည်း၊ နယ်ချဲ့အစိုးရကို ရက်ပေါင်း( ၁၆၆
)ရက်ကျော်ကြာထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြရင်း ပျံလွန်တော်မူသွားတဲ့ အာဇာနည်
ရဟန်းတော်။ လေးစားဂုဏ်ယူ ဂုဏ်ပြုထိုက်ပါပေတယ်။ ဒီလိုနှင့်.. ရန်ကုန်မြို့ရွှေတိဂုံစေတီ-
ဦးထောင်ဘိုလမ်းမှာတည်ထားတဲ့၊ ဦးဥတ္တမရုပ်တုနှင့်ဦးဥတ္တမ ပန်းခြံနေရာသို့ အသွား၊
ဦးဥတ္တမရုပ်ထု၊ ဦးဥတ္တမပန်းခြံဆိုတာ ရုပ်တုလည်းပျောက်၊ ပန်းခြံလည်းပျောက်ပြီး ….
ကန်တော် မင်္ဂလာ ပန်းခြံဖြစ်နေတာကိုပဲ တွေ့ခဲ့ရပါတော့တယ်။ ၁၉၆၂ - ခုနှစ်
တော်လှန်ရေးကောင်စီ တက်လာပြီးနောက်- (တာဝန်ရှိသူတစ်ဦးက မင်းတို့အရုပ်မင်းတို့
ယူသွား )ဆိုပြီး ဖြိုဖျက်လိုက်ကြပါသတဲ့။ ဒီလိုနှင့် လွတ်လပ်ရေးအဖိုးသျှင် -
ဦးဥတ္တမ) နေ့၊ ဦးဥတ္တမရုပ်တု၊ဦးဥတ္တမ ပန်းခြံဆိုတာ……….။
နောက်ပိုင်းအစိုးရအဆက်ဆက်တိုင် ပျောက်ကွယ် ငြိမ်သက်ခဲ့ရာက၊ ပြည်သူ့အစိုးရလက်ထက်မှာ
- ရန်ကုန်နှင့် ရခိုင်ဒေသမြို့နယ်အချို့မှာပါ ( ဦးဥတ္တမရုပ်တု၊ ဦးဥတ္တမပန်းခြံ၊
ဦးဥတ္တမနေ့ အခမ်းအနား) တွေပြန်လည် အသက်ဝင်တာတော့အမှန်ပါဘဲ။ တကယ်တော့ဒါတွေရဲ့ပင်မအကြောင်းရင်းခံဟာ
စစ်တွေပြည်သူ့လွှတ်တော် ကိုယ်စားလှယ် - ဦးမောင်ညို ( ပန်းချီ မင်းညို )ရဲ့
ပြည်သူ့လွှတ်တော်တွင်း စတင်တင်ပြလှုံဆော်မှု အခြေခံလို့
(ကျနော်လက်လှမ်းမှီရာသိရသလောက်) ပြောလိုပါတယ်။
မည်သို့ပင်ဖြစ်စေကာမှု၊
ဆရာတောဦးဥတ္တမရဲ့… နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်နှင့် လုပ်ရပ်ကို
နောင်လာနောင်သားများ သိရှိနမှုနာ ယူနိုင်ကြပါစေ။
ကျေးဇူးတရားကိုအောက်မေ့သတိရစိတ်နှင့် မျက်မှောက်ခေတ် လူမှုဘဝကောင်းကျိုးများကို
ဖန်တီးသူများဖြစ်ကြပါစေဟု ဆန္ဒပြုပြီး နောင်အနာဂတ်သမိုင်းစာမျက်နှာများတွင်
(ဆရာတော်၏ ကျေးဇူးတရား) ရုပ်ပုံလွှာများကို ညစ်ထေးအောင်/ ပျက်ပြယ်အောင်
ဖန်တီးမည့်သူများ၊ ဖန်တီးမည့်ခေတ်စနစ်များ မဖြစ်ပေါ်ပါစေနှင့်ဟု
ဆန္ဒပြုရုံမှတပါး…….။
ဆရာတော်
ဦးဥတ္တမ …၏ ရဲရဲတောက် လမ်းညွှန်ဩဝါဒ
ရဲရဲကြံ
၊ ကြောက်လျှင်ပြန်
သူရသတ္တိနည်းလျှင်
၊ ပျက်စီးရမည်။
မတရားသော
အမိန့် ဟူသမျှကို ဖီဆန်ကြ။
လွတ်လပ်ရေးအောင်ဆုသည်
၊ ငါတို့လက်ထဲတွင်ရှိသည်။
လွတ်လပ်ရေးကိုနယ်ချဲ့သမားများထံမှ
ရှိခိုးတောင်းပန်၍
မရနိုင်။
လူဖြစ်လာသောဘဝသည်
အများအကျိုးအတွက်
မဟုတ်လျှင်
အများအကျိုးအတွက်မဟုတ်လျှင်
တန်ဖိုးမရှိ။ ။
(ကိုယ်ရမ္မာ)
တန်းချောင်းမီဒီယာ
အင်အားစု
၂၉၊ ၇ ၊ ၂၀၂၁