တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်တိုက်ပွဲတွင် စကစတပ်ဖွဲ့၀င် ၂၇ ဦးသေဆုံးပြီး ၂၅ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း AA သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 6.8k


နိရဉ္စရာ၊ အောက်တိုဘာ ၇/၂၀၂၂

 

အောက်တိုဘာလ ရက်နေ့ မှ ၆ ရက်နေ့ထိ ဘူးသီးတောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၂၇ ဦးသေဆုံးပြီး ၂၅ ဦးခန့် ဒဏ်ရာရရှိသွားခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA) သတင်းပြန်ကြားရေး၏ ယနေ့သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

အောက်တိုဘာ ၃ ရက်  နေ့လယ် (၁) နာရီ (၃၀) မိနစ်တွင် ဘူးသီးတောင်မြို့နယ်၊ ကျောက်စာတိုင် (မြိုခမီ) ရွာ၏ တောင်ဖက် (၁.၃) ကီလိုမီတာအကွာအဝေး၌ အေအေနှင့် စစ်ကောင်စီတပ်တို့အကြား(၅)နာရီခန့်ကြာ ပြင်းထန်သောတိုက်ပွဲတစ်ပွဲဖြစ်သည်ဟုဆိုသည်။

 

၎င်းတိုက်ပွဲအတွင်း  ရန်သူ့ဖက်မှ (၁၇) ဦး သေ ဆုံးကာ (၁၅) ဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်း ရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

အောက်တိုဘာလ (၅) ရက်၊ နံနက် (၉) နာရီ (၅၂) မိနစ်တွင် ဘူးသီးတောင်မြို့နယ်၊ ဂူဒါပြင်(မူဆလင်) ရွာ နှင့် တောင်ရွာ (မူဆလင်) အကြားတွင် မိနစ် (၃၀) ကြာတိုက်ပွဲ ဖြစ်ပွားခဲ့သည်။

 

ထို့အတူ အောက်တိုဘာ (၆) ရက်နေ့၌လည်း ဤပတ်ဝန်းကျင်၌ နှစ်ဖက်တိုက်ပွဲများ ဆက်လက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ရက်တာတိုက်ပွဲအတွင်း ရန်သူ့ဖက်မှ မျက်မြင် (၁၀) ဦး သေဆုံးပြီး နောက်ထပ် (၁၀) ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ဆက်စပ် သတင်းများ