- Web Master
- ၀၂ အောက်တိုဘာ ၂၀၂၄
စစ်ကောင်စီသည် ဧရာဝတီတိုင်းဘက်မှ စစ်သားများကို စစ်ရေယာဉ်များဖြင့် သယ်ဆောင်ပြီး ညဉ့်အချိန် ကျောက်ဖြူရှိ တပ်ရင်းများသို့ အင်အားဖြည့်တင်းနေကြောင်း မြို့ခံများက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
ဧရာ၀တီတိုင်းဘက်မှ စစ်ကောင်စီတပ်သားများကို ယူဆောင်အင်အားဖြည့်နေရာ
ယမန်နေ့ နိုဝင်ဘာ ၃ ရက်၊ ည ၇ နာရီအချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ ခန့်သည် ရေတပ် စစ်ရေယာဥ်တစ်စီး
ကျောက်ဖြူမြို့သို့ ရောက်ရှိလာခဲ့သည်ဟု ကျောက်ဖြူမြို့ခံ တက်ကြွ လှုပ်ရှားသူတစ်ဦး
" သူတို့ ည ၇ နာရီလောက်မှာ ပင်လယ်ကနေ နေဗီသင်္ဘောတစ်စီးကပ်တယ်။
အင်အား ၈၀ လောက်ပါနိုင်တယ်။ အဲဒီတပ်ဖွဲ့ဝင်တွေကို သူတို့ကျောက်ဖြူကခြေလျင်တပ်ရင်း
အဆိုပါနေဗီစစ်ရေယာဥ်တွင် တင်ဆောင်လာသည့် စစ်ကောင်စီတပ်သားများမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ အခြေစိုက် အမှတ်(၆၃ )တပ်ရင်းမှ စစ်သားများဟု စုံစမ်းသိရှိရကြောင်း သူကဆက်ပြောသည်။
" ကျွန်တော်တို့စုံစမ်းလို့
သိထားရသလောက်ကတော့အဲဒီနေဗီနဲ့
အဆိုပါသယ်ဆောင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား စစ်ကောင်စီတပ်ကားများဖြင့်
ကျောက်ဖြူမြို့ ခမရ (၅၄၂ )သို့ ပို့ဆောင် ဖြည့်တင်းခဲ့ခြင်း ဖြစ်
ယနေ့ နိုဝင်ဘာလ ၄ ရက် မနက်ခြောက်နာရီခွဲဝန်းကျင်ကလည်း
စစ်ကောင်စီ၏ ရိက္ခာအပြည့်တင်ဆော
ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲဖြစ်ပွားစဉ် တပ်မ ၉၉၊ တပ်မ ၅၅ အပါအဝင် တပ်မ ၅ ခုထိ တိုးမြှင့်ချထားခဲ့သော်လည်း လက်ရှိတွင် အဆိုပါတပ်မများမှာ ရခိုင်မှာ ဆုတ်ခွာသွားခဲ့ပြီး လက်ရှိတွင် တပ်မ ၂၂ နှင့် တပ်မ ၁၁ သာ ကျန်ရှိတော့၍ စစ်အင်အား အလွန်နည်းပါးနေသည်ဟုစစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်များအရ သိရသည်။
“ ရခိုင်မှာ စစ်တပ်အင်အားက သိပ်မရှိတော့ဘူး။ အခြေစိုက်တပ်ရင်းတွေလည်း အင်အားမရှိတော့ တပ်အင်အားကို ဧရာ၀တီဘက်ကနေ ယူဆောင်ပြီး အင်အားဖြည့်တင်းတဲ့ သဘောပါ”ဟု စစ်ရေးလေ့လာ အကဲခတ်သူတစ်ဦးက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကို ရက္ခိုင့်တပ်တော်(AA)က ညီနောင်မဟာမိတ်များနှင့် ပူးပေါင်း တိုက်ခိုက်နေချိန်တွင် စစ်ကောင်စီက ရခိုင်ပြည်တွင်းရှိတပ်စခန်းများ
အောက်တိုဘာလ ၃၀ ရက်၊ ည ၇ နာရီကလည်း ကျောက်ဖြူမြို့၊ အစိုးရ ရပ်ကွက်ရှိ
အမှတ်(၁) တရုတ်ဆိပ်ခံ တံတားတွင် စစ်ကောင်စီနေဗီဇက်ရေယာဉ်တစ်စီး ဆိုက်ကပ်ခဲ့ပြီး
မြို့နယ်တွင်းရှိ တပ်ရင်းများသို့ ရိက္ခာများရွှေ့ပြောင်း ဖြည့်တင်းမှု
ရှိခဲ့ကြောင်း ကျောက်ဖြူမြို့ခံလူငယ်အမျိုးသား
အဆိုပါနေဗီဇက်ရေယာဥ်တွင် စားနပ်ရိက္ခာအမြောက်အများနှင့် စစ်သည် တချို့လည်းပါလာပြီး ကျောက်ဖြူမှ ခလရ ၃၄၊ ခမရ ၅၄၂ ၊ ခမရ ၅၄၃ တပ်ရင်းများသို့ စစ်ကား ၆ စီးခန့်ဖြင့် သယ်ဆောင်ဖြည့်တင်းခဲ့ကြောင်း သူက ပြောသည်။ (NN-23)