သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာအောင်ကျော်မင်း ခန့်အပ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 7.4k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဖေဖော်ဝါရီ ၂ / ၂ဝ၂၁

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ယခင် လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာအောင်ကျော်မင်း ခန့်အပ်ခံလိုက်ရသည်ဟု သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများကို တိုင်းဒေသကြီး (၅)ခုနှင့် ပြည်နယ် (၇)ခုတို့တွင် ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က အသီးသီးခန့်အပ်ခဲ့သည်။

ယင်းသို့ခန့်အပ်ရာတွင် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ဒေါက်တာအောင်ကျော်မင်း ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် တောင်ကုတ်ဇာတိဖြစ်သည့် ဒေါက်တာအောင်ကျော်မင်းသည် ယခင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

ဆက်စပ် သတင်းများ